16 ပတ် - ဘာသာပြန်ပါ။

🎈ကြက်ဥ၊ ကိုင်းခရမ်းချဉ်သီးငါးပိချက် 🥰😋😍

🌟လွယ်ကူပြီးစားလို့ကောင်းတဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။

🌟 ကြက်ဥကို ပြုတ်ထားပါ။ ခရမ်းချဉ်သီးရေဆေးပြီး လေးစိတ်စိတ် ထားပါ။ ငရုတ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန်ဖြူ၊ နီ ပါးပါးလှီးထားပါ။

🌟 ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာရင် ဆနွင်းထည့်ပါ။ ကြက်သွန်ဖြူ၊နီ လှီးထားတာထည့်ပါ။ ကြက်သွန်နွမ်းရင် အရောင်တင်မှုန့်ထည့်ပါ။

🌟 ထို့‌နောက် ခရမ်းချဉ်သီးထည့်ဆီသတ်ပါ။ ခရမ်းချဉ်သီးအစိမ်းနံ့ပျောက်အောင် ကျွန်တော်ကတော့ ဆီသေချာသတ်ပါတယ်။

🌟 ဆီသတ်ပြီးရင် ငရုတ်သီးခွဲခြမ်းထည့်ပြီး ငရုတ်သီးခွဲခြမ်းကျက်အောင် ခဏမွှေပါ။ ထို့နောက် ဆား၊ ‌ရေညှိမှုန့်ထည့်ပါ။ ပြီး မျှင်ငါးပိအနည်းငယ်ထည့်ပြီး မျှင်ငါးပိလည်းအနံ့ပျောက်အောင် ဆီသတ်ပါမယ်။

🌟 နည်းနည်းကြာလျှင် ‌ကြက်ဥထည့်ပြီး‌ ကြက်ဥထဲအရသာဝင်အောင်မွှေပြီးမှ ရေအနည်းငယ်ထည့်ပါ။ ရေခမ်းလျှင်ငရုတ်သီးစိမ်းထည့်ပါ။ ငရုတ်သီးနွမ်းရင် နံနံပင်အုပ်ပါ။

🌟 ‌ပေါ့ရင် ဆားအနည်းငယ်ထည့်ပါ။ရေနည်းနည်းချင်းထည့်ပြီး ရေခမ်းလို့ ခရမ်းချဉ်သီးမကြေရင် ရေထပ်ထည့်ပြီး ခရမ်းချဉ်သီးကြေအောင်အထိထားပြီး ချက်ပါ။

🌟 ရေခမ်းလာပြီး ရေအနည်းငယ်ကျန်လျှင် အရသာလည်းအနေတော်ဖြစ်လျှင် မီးပိတ်လိုက်ပါ။ အရမ်းကိုစားကောင်းတဲ့ ကြက်ဥ ကိုင်းခရမ်းချဉ်သီးငါးပိချက်ဟင်းတစ်ခွက်ရပါပြီခင်ဗျာ။

image