16 ပတ် - ဘာသာပြန်ပါ။

DrG Green Mild Up Sun+ ရဲ့အမွှာ DrG Medi UV Mild Sun🧑🏻‍⚕️
DrG green mild up sun+ ကို အရမ်းမေးကြလို့ စျေးကွက်ထဲလဲ သိပ်မတွေ့တော့တာနဲ့ Nyi အသစ်လေး try ထားပါတယ်။ Green mild up sun+ က မထွက်တော့တာလား? ဒီကိုမဝင်တာလား? သူ့အစား Medi uv mild sun ကို ထုတ်တာလား? အတိအကျတော့ Nyi လဲမသိဘူး။ ဒါပေမဲ့ သုံးရတဲ့ခံစားချက်ကတော့ ဗူးပုံစံနဲ့ နာမည်သာပြောင်းသွားတယ် တထေရာတည်းပါပဲ။
အဓိက Medi uv mild sun က gentle sunscreen တခုအနေနဲ့ သွားထားတယ်။ Pregnant women, Lactating women တွေနဲ့ ကလေးငယ်တွေပါ သုံးနိုင်တယ်ဆိုပြီး တွေ့ရပါတယ်။ 100% mineral sunscreen ပါ။ Mineral filter အနေနဲ့ Zinc oxide ကို အားပြုပြီး သုံးထားပါတယ်။ Water & sweat resistant ဖြစ်တယ်။ Sensitive skin တွေနဲ့ အထူးသင့်တော်ပါတယ်။
ပါဝင်ပစ္စည်းတွေကိုကြည့်ရင် soothing အတွက် Pine tree, Cica, Heartleaf, Thyme, Goldenrod, Clove စတဲ့ botanical extracts တွေကို လှိုင်လှိုင်သုံးထားပြီး hydrating အတွက်လဲ Glycerin, Sodium hyaluronate, Butylene glycol, Arginine, Tocopherol တို့ ပါဝင်ပါတယ်။ Alcohol, Fragrance, Essential oil free!
သူ့ texture က physical sunscreen တွေထဲမှာ lightweight တော်တော်ဖြစ်တဲ့ထဲ ပါတယ်။ ဆွဲရတာ ပွတ်လိမ်းရတာမျိုး မရှိဘူး။ Texture ထူပြီး ပူအိုက်တာမျိုးလဲ မကြုံရဘူး။ အသားပေါ်မှာ lightweight ဖြစ်သလို လိမ်းပြီးသွားရင်လဲ skin က တင်းကြပ်နေတာမျိုးမရှိဘဲ သက်သောင့်သက်သာလေး နေတယ်။ Hydrating အနည်းငယ်ဖြစ်တယ်။ Soothing effect ကိုတော့ ထင်ထင်ရှားရှားကြီး မြင်ရပါတယ်။ အသားယားတာ ပူတာစပ်တာတွေရှိရင် သူ့လိမ်းတဲ့အခါ အနည်းနဲ့အများ သက်သာစေတယ်။ အဖုတွေရောင်နေရင်လဲ အရောင်ကျအောင်လို့ ကူညီပေးပါတယ်။
Physical sunscreen ဆိုတော့ အများသူငါ စိုးရိမ်ကြတဲ့ white cast ကျန်လား? အသားခြောက်လား? ဆိုတဲ့မေးခွန်းအပေါ် ဖြေရရင်တော့ အသားညိုရင် white cast အနည်းငယ်ကျန်နိုင်ပါတယ်။ ဒါပေမဲ့ ခဏအကြာ လျော့သွားသေးတယ်။ အသားလတ်ရင်ကို သုံးလို့က အဆင်ပြေပြီ။ နောက်ထပ် အသားခြောက်လား? ဆိုရင်တော့ DrG ရဲ့ physical sunscreen က အရင်ကအတိုင်းပဲ အသားပုံမှန်ထက်ခြောက်သွားစေတာမျိုး မရှိဘူး။ အဆီထိန်းပေးတာလို့ပြောရင် ပိုမှန်လိမ့်မယ်။ ပြောရရင် balance ဖြစ်တယ်ကွာ။ တဖက်စောင်းနင်းကြီး မနေဘူး။ Dry skin ဆိုရင်တော့ moisturizer ခံလိမ်းပေးပေါ့နော်။
Finish က အရင်လို သိပ်သိပ်လေးနဲ့ မှုန်မှုန်လေးမလို့ Nyi ကတော့ တော်တော်ကြိုက်ပါတယ်။ နေ့တဝက်လောက်ထိ အဆီပြန်တာကို ထိန်းပေးနိုင်တယ်။ အချိန်ကြာလာလို့ မျက်နှာကြီးမဲသွားတာမျိုးလဲ မရှိပါဘူး။ Oily, combination, normal skin တွေဆို မျက်နှာသစ်ပြီး moisturizer လိမ်းပြီးရင် သူ့လိမ်းလိုက်တာနဲ့ ok ပြီ။ မျက်နှာလေးဝင်းနေသလို သိပ်သိပ်လေးလဲ ဖြစ်နေတယ်ပေါ့နော်။ Powder လေး အပေါ်ကထပ်ပုတ်လိုက်ရင်တော့ တနေကုန် long lasting look ကို ရပါတယ်ခင်ဗျာ။
အနှစ်ချုပ်အနေနဲ့ ပြောရရင် အသားအရေက အရမ်း sensitive ဖြစ်တယ် ဆိုတဲ့သူတွေ mild ဖြစ်တဲ့ formula နဲ့ ထုတ်ထားတဲ့ ဒီ sunscreen လေးကို ကျိန်းသေပေါက် try ကြည့်ပါ။ စျေးအသင့်အတင့်လေးနဲ့ ပြန်ရတဲ့ performance က အလွန်ကောင်းပါတယ်။ DrG green mild up sun+ ကို ကြိုက်တဲ့သူတွေ DrG medi uv mild sun ကိုလဲ ကြိုက်ကြဦးမှာပါ လို့ပြောရင်း နှုတ်ဆက်ပါတယ်ခင်ဗျာ။

#drg #drgmediuvmildsun
#reviewbynyi #nyipick #nyipicksunscreen
#crd

image