ငါးဖယ်ဆုပ်ကြော် ချဉ်စပ်သုပ်
sauce အတွက် လိုအပ်တာလေးတွေ
ငရုတ်သီးစိမ်း ၁၅ တောင့်ခန့်
၃ ပိုင်းပြတ်လှီးထားသော ကြက်သွန်ဖြူ အမွှာကြီး ၂ မွှာ
သံပုရာရည် ထမင်းစားဇွန်း ၃ ဇွန်း
ငါးငံပြာရည် ထမင်းစားဇွန်း ၃ ဇွန်း
ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကျက်အောင် ဖုတ် (သို့) microwave ထဲထည့် ထားသော စိမ်းစားငပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူကို ပိုမိုမွှေးစေရန် အနည်းငယ်တူးအောင် လှော်ပေးထားပါ။
ပြီးလျှင် ပိုမိုမွှေးစေရန် ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူကို မထောင်းပဲ လက်ဖြင့် ဖိချေပြီး (လက်အိတ်အသုံးပြုရန် အဆင်မပြေပါက ကြွတ်ကြွတ်အိတ်စွပ်ပြီး ဖိချေပေးနိူင်ပါတယ်။) ကျန်သည့်ပါဝင်ပစ္စည်းများ ထည့်ကာ နှံ့သွားအောင် ရောနှောလိုက်လျှင် လိုအပ်သော sauce ကိုရပါပြီ။
ငါးဖယ်ဆုပ်ကြော် ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ
ပါးပါးလှီးထားသော ငါးဖယ်ဆုပ်ကြော် 1 1/2 cups (375 ml) ခန့်
ပါးပါးလှီးပြီးနောက် ရေဆေးထားသော ကြက်သွန်နီ 1 1/4 cups (310 ml)ခန့်
ပါးပါးလှီးထားသော ခရမ်းချဉ်သီးအစိမ်း 1 1/4 cups (310 ml)ခန့်
ပါးပါးလှီးထားသော ခရမ်းချဉ်သီးအနီ- 1 1/4 cups (310 ml)ခန့်
sauce
မွအောင် ထောင်း (သို့) ကြိတ်ထားသော ပုစွန်ခြောက်မှုန့် ထမင်းစားဇွန်း ၃ ဇွန်း
ပင်စိမ်းရွက် 1/3 cup (80 ml)ခန့်
အသုပ်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ အားလုံးရောကာ ဖွဖွနယ်သုပ်လိုက်ပြီးနောက် အရသာရှိလှသော ငါးဖယ်ဆုပ်ကြော် ချဉ်စပ်သုပ်လေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
