တိဘက်ဒေသမှာ အင်အားပြင်း မြေငလျင်ကြောင့် လူ ၁၀၀ နီးပါးသေဆုံး

ပေကျင်း၊ ဇန်နဝါရီ ၇

တရုတ်နိုင်ငံ တောင်ထူထပ်တဲ့ တိဘက်ဒေသမှာ ဒီကနေ့မနက်ပိုင်းမှာ အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၀၀ နီးပါးသေဆုံးပြီး ၆၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာနိုင်ပြီး ငလျင်ဟာ ဒေသံစံတော်ချိန် ဒီကနေ့မနက် ၉ နာရီအချိန်က တိဘက်ဒေသ ရှီဂတ်စီမြို့မှာ အနက် ၁၀ ကီလိုမီတာကနေ ပြင်းအား ၇ ဒသမ ၁ အဆင့်နဲ့ လှု်ပခတ်ခဲ့တယ်တယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီနောက် နောက်ဆက်တွဲငလျင်တွေလည်း လှုပ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ အိမ်နီးချင်း နီပေါနဲ့ အိန္ဒိယနိုင်ငံ ဒေသအချို့မှာလည်း ဒီငလျင်ဒဏ်ကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ဒါပေမယ့် ထိခိုက်မှုအခြေအနေကို ထုတ်ပြန်တာမရှိသေးပါဘူး။ ငလျင်ကြောင့် တိဘက်ဒေသမှာ အိမ်ခြေ ၁၀၀၀ ကျော်ပျက်စီးသွားတယ်လို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

အေးခဲနေတဲ့ အပူချိန်အောက်မှာရှိနေတဲ့ အဲဒီဒေသအတွက် ကယ်ဆယ်ရေးနဲ့ ကူညီရေးလုပ်ငန်းတွေအတွက် တရုတ်လေတပ်က မောင်းသူမဲ့လေယာဉ်တွေကိုပါ အသုံးပြုနေပါတယ်။ ငလျင်သင့်ဒေသမှာတော့ လက်ရှိမှာ သောက်သုံးရေနဲ့ လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်ကတော့ အသေအပျောက်နည်းစေဖို့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်မြှင့်ဖို့နဲပ ထိခိုက်ဒဏ်ရာရသူတွေကိုကုသပေးရေး၊ တည်ဆောက်ရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေအတွက် တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

Ref:BBC
Photo:Getty Images

#centralnewsnaypyitaw

imageimage
+5