ကိုင်ရီအာဗင်း နှစ်ပတ်ခန့် အနားယူရဖွယ်ရှိ
------------------------
NBA ကလပ် ဒါးလက်စ် မားဗရစ်အသင်းရဲ့ အဓိက ကစားသမား ကိုင်ရီ အာဗင်းဟာ နောက်ကျောဒဏ်ရာကြောင့် ၂ ပတ်ခန့်အနားယူရဖွယ် ရှိနေတယ်လို့ သိရပါတယ်။ တနင်္လာနေ့က ကစားခဲ့တဲ့ ဆာကရာမန်တိုအသင်းနဲ့ပွဲကို လွဲချော်ခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် အာဗင်းရဲ့ ဒဏ်ရာကို အသေးစိတ်စစ်ဆေးမှုတွေအရ အထူးကုတွေနဲ့ ကုသ ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါးလက်စ်အသင်းကတော့ အာဗင်းအနေနဲ့ ၂ ပတ်လောက် အနားယူကုသပြီး သွား ရင် ပွဲကစားနိုင်ဖွယ်ရှိတယ်လို့ မျှော်လင့်နေပါတယ်။ ဒါးလက်စ်အသင်းဟာ လက်ရှိမှာ ၄ ပွဲဆက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင် ထားရတာဖြစ်ပြီး အသင်းရဲ့ နောက်ထပ် အဓိကကစားသမားဖြစ်တဲ့ ဒွန်ဆစ်ကလည်း ဒဏ်ရာကြောင့် အနားယူ နေရတာဖြစ်ပါတယ်။
ဒီလိုအချိန်မှာ အာဗင်းပါ ထပ်မံပြီးတော့ ဒဏ်ရာရရှိခဲ့တဲ့အတွက် ဒါးလက်စ်အသင်းအနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ ပိုမိုရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။ အခုနှစ်မှာ ကစားသမားဘဝ ၁၄ ခုမြောက် NBA ရာသီကို ပါဝင်ယှဉ်ပြိုင် နေတဲ့ အာဗင်းဟာ အခုရာသီမှာ ဒါးလက်စ်အသင်းအတွက် ပွဲ ၃၀ ပါဝင် ကစားပေးထား သူဖြစ်သလို NBA တစ်နှစ် တာအကောင်းဆုံးအသင်းမှာလည်း ၈ ကြိမ်အထိ ပါဝင်ခွင့်ရထားသူလည်း ဖြစ်ပါတယ်။

