16 ပတ် - ဘာသာပြန်ပါ။

အိမ်သုံးစက်ရုပ်များကို Samsung မိတ်ဆက်တော့မည်
---------------------
မကြာခင်အချိန်အတွင်းမှာ Ballie လို့အမည်ပေးထားတဲ့ လှည့်ပတ်သွားလာနိုင်တဲ့ အိမ်သုံးစက်ရုပ်တွေကို Samsung ကုမ္ပဏီက မိတ်ဆက်တော့မှာဖြစ်ကြောင်း CNET သတင်းမှာ ရေးသားထားပါတယ်။ ၂၀၂၄ ခုနှစ် အတွင်းက Samsung ဟာ စက်ပစ္စည်းတွေအတွက် သတင်းအချက်အလက်နဲ့အကြောင်းအရာတွေ မတူညီတဲ့ မျက်နှာပြင်တွေမှာ ထုတ်လွှင့်ပေးနိုင်တဲ့ ပရိုဂျက်တာတစ်ခု မိတ်ဆက်ခဲ့ပါသေးတယ်။

အခု ၂၀၂၅ ခုနှစ်အတွင်း မှာတော့ နောက်ထပ်ခြေလှမ်းအသစ် စတင်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး အိမ်သုံးစက်တွေ စတင် မိတ်ဆက်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ Ballie ရောင်းချမယ့် စျေးနှုန်း ဒါမှမဟုတ် ဖြန့်ချိမယ့် အချိန် ကာလအပိုင်းအခြားကိုတော့ မကြာမီအချိန်အတွင်းမှာ ကြေညာသွားမှာဖြစ်တယ်လို့ Samsung ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောကြားထားပါတယ်။

imageimage