16 ပတ် - ဘာသာပြန်ပါ။

ကွမ်းခြံကုန်းက ဘုန်းကြီးကျောင်းတခုမှာ သင်္ဃန်းတွေအလိုအလျောက်မီးထလောင်မှု ထူးဆန်းစွာဖြစ်ပွားနေ

ဇန်နဝါရီ ၇

ရန်ကုန်တိုင်း ၊ကွမ်းခြံကုန်းမြို့နယ် ၊ကမာကလွန်းရွာက အေးစေတီဘုန်းကြီးကျောင်းမှာ သင်္ဃန်းတွေအလိုအလျောက်မီးထလောင်မှု ထူးဆန်းစွာဖြစ်ပွားနေတယ်လို့ အဆိုပါကျေးရွာဒေသခံတွေဆီကသိရပါတယ်။

ကျောင်းဝန်းထဲမှာ နေလှန်းထားတဲ့ သင်္ဃန်းတွေအလိုအလျောက်မီးထလောင်ခြင်း၊သေတ္တာထဲမှာသိမ်းဆည်းထားတဲ့သင်္ဃန်းတွေမီးလောင်ခြင်း၊ ထီး နဲ့ခေါင်းအုံးလည်းမီးထလောင်ခြင်းအပြင် ကိုရင်လေးခန္ဓာကိုယ်ပေါ်မှာရုံထားတဲ့သင်္ဃန်းစအထိပါအလိုအလျောက် မီးထလောင်မှုတွေထူးဆန်းစွာဖြစ်ပွားနေတာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။

" ခုမနက်တင် ၂ကြိမ်ရှိပြီ။မီးက ဟိုနေရာကထလောင်လိုက်ဒီနေရာကထလောင်လိုက်ပဲ။လှနထားတဲ့သင်္ဃန်းတွေ လောင်တယ်။ဘုန်းကြီးကျောင်းထဲ ဖုန်ဝင်မှာစိုးလို့ကာထားတဲ့သင်္ဃန်းလည်းမီးထလောင်တယ်။မီးစလောင်တုန်းက သေတ္တာထဲထည့်ထားတဲ့သင်္ဃန်းတွေလောင်တာ။ညှော်နံ့ရလို့ဖွင့်ကြည့်မှမီးလောင်တာသိရတာ။မီးလောင်စရာဘာမှမရှိဘဲ လောင်တာ။ပြီးတော့ခေါင်းအုံးလောင်တယ်။နောက်ထီးလောင်တယ်။ပြီးတော့ အပြင်ကလွှားထားတဲ့သင်္ဃန်းတွေလောင်တယ်။ကိုယ်ရင်လေးရုံထားတဲ့သင်္ဃန်းလောင်တယ်နှစ်ကြိမ်တောင်ပဲ" လို့ရွာခံက ပြောပါတယ်။

အဆိုပါ ကျောင်းဝန်းအတွင်း အလိုအလျောက်မီးထလောင်တဲ့ထူးဆန်းတဲ့ဖြစ်စဥ်က ပြီးခဲ့တဲ့ ငါးရက်လောက်ကတည်းကဖြစ်ပွားနေတာဖြစ်ပြီး ဒီနေ့အထိလည်း အလိုအလျောက်မီးထလောင်နေဆဲဖြစ်တာ်လို့သိရပါတယ်။

မီးလောင်တဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး မြေပြင်ကူညီရေးအတွက်သွားရောက်ခဲ့တဲ့ ကွမ်းခြံကုန်း ၊မုဒိတာအရန်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူက " အရမ်းထူးဆန်းတယ် သင်္ဃန်းတွေချည်းပဲလောင်တာ။ကိုရင်လေးဝတ်ထားတဲ့သင်္ဃန်းတောင်ဝတ်နေရင်းထလောင်တယ်တဲ့။ထူးဆန်းတယ်။သင်္ဃန်းတွေကိုအလိုအလျောက်မီးထလောင်တာပါ။ဘယ်သူမှရှို့ခြင်းပြုခြင်းမရှိဘဲ မီးထလောင်တာ။မီးလောင်တဲ့သတင်းကြားလို့ကျွန်တော်တို့ ချက်ခြင်းရောက်ရှိလာတယ်။ရောက်ရှိလာတဲ့အချိန်မှာသိရတဲ့အခြေအနေက သင်္ဃန်းတွေလောင်တာပေါ့။အလိုအလျောက်ထလောင်တာ။တော်တော်ကိုထူးဆန်းပါတယ်" လို့ ပြောပါတယ်။

ခုလို ကျောင်းဝန်းအတွင်းက သင်္ဃန်းတွေအလိုအလျောက်မီးထလောင်မှုဖြစ်ပွားနေတဲ့အတွက် မီးဘေးအန္တရာယ်စိုးရိမ်ရတာကြောင့် ကျေးရွာဒေသခံတွေက အလှည်ကြစနစ်နဲ့ ကျောင်းဝန်းအတွင်းစောင့်ကြည့်မှုပြုလုပ်နေရတယ်လို့သိရပါတယ်။

Photo - မုဒီတာ

#centralnewsnayptitaw

image
image
image