မြန်မာ့ပြည်တွင်းစစ်ကြောင့် အရှေ့နဲ့ အရှေ့တောင်အာရှမှာ မူးယစ်ဆေးထုတ်လုပ်မှုမြင့်တက်
ဇန်နဝါရီ ၇
ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှု မြင့်တက်နေတဲ့အတွက် အရှေ့အာရှနဲ့ အရှေ့တောင် အာရှဒေသတွေမှာ တရားမဝင်မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ပိုမိုမြင့်တက်လာတယ်လို့ The Straits Times မှာ ဖော်ပြထားပါတယ်။
အုပ်စုဖွဲ့ရာဇဝတ်ဂိုဏ်းတွေဟာ မက်သာဖက်တမင်း၊ အက်စ်တက်စ်စီ၊ ကက်တမင်း၊ ရောစပ်ထားတဲ့ မက်သာဖက်တမင်းနဲ့ ကဖီးန်တို့ကို ဒေသတွင်းမှာ ဈေးနှုန်းလျှော့ပြီး ရောင်းချနေတဲ့အတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။
မြန်မာနိုင်ငံထဲက ရှမ်းပြည်နယ်ဟာ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ ဒေသတွင်း ဦးဆောင်နေတဲ့နေရာတစ်ခု အဖြစ် လူသိများပြီး ထိုင်း၊ လာအိုနဲ့ မြန်မာသုံးနိုင်ငံဆုံရာ ရွှေတြိဂံနယ်ထဲကတစ်ဆင့် တရားမဝင်မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ ကြား စခန်း လမ်းကြောင်းကတော့ ထိုင်းနိုင်ငံပဲဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာ ထိုင်းအာဏာပိုင်တွေဟာ ယာဘဆေးပြား ၃၉၅ သန်းနဲ့ အိုက်စ်ရေခဲလို့ လူသိများတဲ့ မက်သာဖက်တ မင်းအခဲ ၁၇.၆ တန်ဖမ်းမိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ယာဘဆေးပြား ၆၄၉.၉ သန်း၊ မက်သာဖက်တမင်းအခဲ ၂၆.၄ တန် ဖမ်းမိခဲ့ကြောင်း ၂၀၂၄ ခုနှစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇတ်မှုဆိုင်ရာ ရုံး (UNODC) အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်က မူးယစ်ဆေးဝါးကုန်ကူးမှုရဲ့ ထိခိုက်မှုတွေကိုလေ့လာဖို့ ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်ကို The Straits Times မီဒီယာရောက်ရှိသွားတဲ့အချိန်မှာ “လက်ရှိအခြေအနေဟာ ၂၀၁၉ ခုနှစ်ကထက် ပိုမိုဆိုးရွားကြောင်း” ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ရုံး (ONC က The Straits Times ကို ပြောပါ တယ်။
၂၀၀၇ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ကြားကာလမှာ မူးယစ်ဆေးဝါးသိမ်းဆည်းရရှိမှုဟာ ရှစ်ဆကျော်မြင့်တက်လာခဲ့တဲ့ အတွက် အဲဒီအချိန်က အရှေ့တောင်အာရှဟာ ကမ္ဘာပေါ်မှာ မက်သာဖက်တမင်းအများဆုံးထုတ်လုပ်ဖြန့်ဖြူးတဲ့ ဈေးကွက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ စက်တင်ဘာလတစ်လတည်းမှာတင် ထိုင်း-မြန်မာ နယ်စပ်မှာ ယာဘဆေးပြား ၄၈၈ သန်းနဲ့ အိုက်စ်ဆေးခဲ ၁၀ တန်နီးပါး ဖမ်းဆီးရရှိခဲ့ကြောင်း ONCB က The Straits Times ကို ပြောပါတယ်။
“အိုက်စ်မူးယစ်ဆေးဟာ လွန်ခဲ့တဲ့သုံးနှစ်က အဓိကနေရာကပါဝင်တဲ့မူးယစ်ဆေးဖြစ်ပါတယ်။
တတိယနိုင်ငံတွေကိုတင် ပို့ဖို့အတွက် ထိုင်းနိုင်ငံတောင်ပိုင်းမှာ အဲဒီမူးယစ်ဆေးတွေကုန်ကူးနေတဲ့သူတချို့ကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။” လို့ ONCB က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားနေတာကလည်း မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ပိုမိုမြင့်တက်စေကြောင်း ONCB က ပြောပါတယ်။
မကြာသေးခင်နှစ်များအတွင်း အထူးသဖြင့် ၂၀၂၁ ခုနှစ် မြန်မာ့တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ရှမ်းပြည်နယ်ဟာ အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသရဲ့ မက်သာဖက်တမင်းအဓိကထုတ်လုပ်တဲ့နေရာ တစ်ခုဖြစ်လာပါတယ်။
စတုရန်းကီလိုမီတာ ၁၅၅,၈၀၀ ရှိတဲ့ ရှမ်းပြည်နယ်က နေရာတချို့ကို မြန်မာ့တပ်မတော်ကို ပုန်ကန်တိုက်ခိုက် နေတဲ့ သူပုန်အုပ်စုတွေက ထိန်းချုပ်ထားပါတယ်။
Ref: Concerns grow as gangs in Myanmar increase production and slash prices of synthetic drugs
#သတင်းဟင်းလေးအိုးကြီး
