ရန်ကုန်တွင် အမျိုးသားတစ်ဦး နောက်စေ့တည့်တည့် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ
ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီလ ၆ ရက်) ညနေ ၄နာရီ ၄၅မိနစ်အချိန်ခန့်က ကြည့်မြင်တိုင်မြိုနယ်၊ စျေး ကလေးရပ်ကွက်၊ ကမ်းနားလမ်း နှင့် ဗားကရာလမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းအရ လုံခြုံရေးအဖွဲ့ကသွားရောက်စစ်ဆေးရာ ကမ်းနားလမ်းပေါ် ဗားကရာမီးပွိုင့်နှင့်ပေ(၁၀၀)အကွာ အလုံမြို့နယ်ဘက်သွားသည့်အခြမ်းတွင် ကျောပိုးအိတ်နှင့်ဘေးလွယ်အိတ်အသေးလွယ်ထားသည့်အသက်(၅၀)နှစ်ခန့် အမျိုးသားကြီးတစ်ဦးသည် နောက်စေ့တည့်တည့် ကျည်ထိမှန်ဒဏ်ရာဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
သေဆုံးသူ အမျိုးသား၏ဘေးလွယ်အိတ်အတွင်း ဦးအောင်ရှိန်အမည်ပါ AYA ဘဏ်စာအုပ်ကို တွေ့ရသဖြင့်သေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းလျက်ရှိကြောင်သိရသည်။ လက်ရှိတွင် သေဆုံးသူအမျိုးသားအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးထားပြီး ကျူးလွန်သူအား ဥပဒေနှင့်အညီအပြစ်ပေး အရးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး