ဂျိုးဖြူပိုက်လိုင်း ပြုပြင်မည် ဖြစ်သောကြောင့် ရန်ကုန် ရေပြတ်မည်..
ရန်ကုန်မြို့ကို ရေဖြန့်ဝေပေးနေတဲ့ ဂျိုးဖြူပိုက်လိုင်း ပြုပြင်မှာ ဖြစ်တာကြောင့် ဇန်နဝါရီ (၇) ရက်မှာ ရေပြတ်တောက်မယ်လို့ ရန်ကုန်စည်ပင်က သတင်းထုတ်ပြန်လိုက်ပါတယ်။
အကြီးစားပြုပြင်မှာ ဖြစ်တာကြောင့် ဘယ်အချိန်မှ ပြီးမယ်ဆိုတာကို မခန့်မှန်းနိုင်သေးဘူးလို့ သိရပါတယ်။ ဇန်နဝါရီလ (၇) ရက် နံနက် (၂) နာရီကတည်းက ရေစတင်ပိတ်မှာ ဖြစ်ပြီး လုပ်ငန်းများ ပြီးစီးသွားမှသာ ပြန်လည် ဖွင့်လှစ်ပေးမယ်လို့ သိရပါတယ်။
