ကနေဒါဝန်ကြီးချုပ်နှုတ်ထွက်သွားပါပြီ။
===========================
ဒေါ်နယ်ထရန့်ရဲ့ သူသမ္မတဖြစ်လာရင် ကုန်သွယ်ရေးအခွန်တိုးမြှင့်မယ်လို့ ခြိမ်းခြောက်မှုအောက်မှာ ပထမဦးဆုံးနှုတ်ထွက်သွားတဲ့ နိုင်ငံ့ခေါင်းဆောင်ဖြစ်ပါတယ်။
Justin Trudeau ဟာ ကနေဒါရဲ့ဝန်ကြီးချုပ်အဖြစ်ကရော လစ်ဘရယ်ပါတီရဲ့ခေါင်းဆောင်အဖြစ်ကပါ နှုတ်ထွက်သွားတာဖြစ်ပါတယ်။
ထရန့်က သူ့ရဲ့ဒုတိယသမ္မတသက်တမ်းမှာ ကနေဒါအပေါ် ၂၅ ရာခိုင်နှုန်းကုန်သွယ်ခွန်ချမယ်လို့ ကြေညာထားပြီးသားပါ။
ထရန့်က ကနေဒါဝန်ကြီးချုပ် Justin Trudeau ကို သူ့ရဲ့ ဖလော်ရီဒါက Mar-a-Lago အိမ်ကြီးမှာညစာစားရင်း တွေ့ဆုံတုန်းက governor Justin Trudeau of the great state of Canada လို့ အပြောင်အပြက်ခေါ်ခဲ့သေးတာပါ။
ကနေဒါ ဒုဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Chrystia Freeland နှုတ်ထွက်သွားပြီးကတည်းက ပါတီတွင်းအကြိတ်အနယ်ဆွေးနွေးမှုတွေနဲ့ အကျပ်ရိုက်နေခဲ့တာပါ။
Justin Trudeau က နှုတ်ထွက်ကြောင်း သူနေထိုင်ရာ Rideau Cottage စံအိမ်ကနေကြေညာခဲ့ပြီး သူ့နေရာကိုဆက်ခံတဲ့သူရတဲ့အထိ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။
ထရန့်တက်လာတာနဲ့ အခုလိုကုန်သွယ်မှုအခွန်တွေ တိုးမြှင့်ကောက်ခံတဲ့အခါမှာ ဘယ်နိုင်ငံတွေထိမလဲဆိုတာ စိတ်ဝင်စားစရာပါ။
အခုလောလောဆယ်တော့ ထရန့်ကျမ်းသစ္စာကကျိန်ဆိုမှုမလုပ်ခင် တစ်ယောက်တော့နှုတ်ထွက်သွားရပါပြီ။
ကမ္ဘာပေါ်မှာအမေရိကန်ရဲ့လွှမ်းမိုးနိုင်မှုအင်အားက အရှိန်အဝါကြီးမားဆဲဖြစ်ပါတယ်။
Richard Myo Thant
