16 ပတ် - ဘာသာပြန်ပါ။

အာဟာရအပြည့်နဲ့
ငှက်ပျောသီးPancake🍌🥞

လုပ်နည်းကလဲ လွယ်လွယ်လေးမို့
ရေးထားပေးတယ်နော်
ပထမဆုံး ငှက်ပျောသီးအမှည့် ၃/၄ လုံးကို ခက်ရင်းလေးနဲ့ ကြေအောင်ခြေပါ။
ခြေထားတဲ့ငှက်ပျောသီးအနှစ်ထဲကို ကြက်ဥ ၃ လုံး၊
ဆားအနည်းငယ်/ အချိုကြိုက်ပါက သကြား သို့မဟုတ် နို့ဆီ၊နို့စိမ်းထည့်ပြီး မွှေပါ။
မွှေထားတဲ့ထဲကို ဂျုံမှုန့်ထမင်းစားဇွန်း ၂ ဇွန်းထည့်ပါ။ ( အဖက်လေးတွေစားချင်လို့ oatmeal ထည့်ထားပါတယ်။ မထည့်လဲရတယ်နော်။)
ဒယ်အိုးပြားကို အပူပေးပါ။ပူလာရင် ဆီနည်းနည်း( ထောပတ်နဲ့ကြော်လဲရပါတယ်)ထည့်ပြီး ဟိုဘက်ဒီဘက် လှန်နိုင်မယ့် အဝိုင်းလောက် တစ်ခုချင်း ထည့်ပါ။
တစ်ဖက်ကို ၂မိနစ် ခန့် ထားပါ။
🍌🥞အရသာရှိသော pancakeလေး ရပါပြီဗျ😋

image