16 ပတ် - ဘာသာပြန်ပါ။

The Cat Returns (2002)

Studio Ghibli ရဲ့နာမည်ကြီးကားတွေကြားထဲမှာ လူသိပ်မသိကြပေမယ့် ချစ်ဖိုကောင်းပြီး အသစ်အဆန်းဖြစ်တဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဗျ။

အကျဥ်းကတော့ တစ်နေ့မှာ ဟရုဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ကျောင်းသွားတဲ့လမ်းမှာ လမ်းဖြတ်ကူးနေတဲ့ကြောင်လေးကို ကားတိုက်ခံရမှာကနေ ကယ်ပေးခဲ့ပါတယ်။ဒါပေမဲ့ သူကယ်ခဲ့တဲ့ကြောင်လေးဟာ စကားပြောတတ်တဲ့အပြင် ကြောင်တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားလေးဖြစ်နေပါတော့တယ်။

အဲဒီကနေစလို့ ဟရုရဲ့နေ့စဥ်ဘဝမှာ ကြောင်တွေနဲ့ပတ်သက်လို့ ထူးဆန်းဆန်းတွေ စဖြစ်လာပြီး နောက်ဆုံးမှာ ကြောင်တိုင်းပြည်ကို ခေါ်ဆောင်သွားခံရဖို့ ဖြစ်လာတဲ့အခါမှာတော့… ဒီဇာတ်လမ်းဟာ Whisper of the heart ရဲ့ MC ဖြစ်တဲ့ Shizuku ရေးခဲ့တဲ့ fiction ဆိုပြီး fan theory လည်းရှိပါတယ်။ အဓိကကတော့ WOTH မှာပါတဲ့ Baron ဆိုတဲ့ကြောင်ရုပ်တုလေးက ဒီမှာအသက်ဝင်နေတဲ့အပြင် နာမည်ရော ရုပ်ပါအတူတူပါပဲ။ ဒါ့အပြင် သေချာသတိထားကြည့်ရင် ဒီနှစ်ကားရဲ့ဆက်စပ်နေတဲ့ scene တော်တော်များများကိုလည်း တွေ့ရမှာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦးဗျ။
#animemovie

image
image
image