16 w - Translate

Terrifier 2 (2022)

သွေးသံတရဲရဲသတ်ဖြတ်တာကိုမှကြိုက်တဲ့သူတွေအတွက်တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ Terrifier ရဲ့အဆက်ဖြစ်တဲ့ Terrifier 2 ထွက်ရှိလာပါပြီ။ ဒီကားထဲကအဓိကလူသတ်သမားကတော့ 1 မှာအားလုံးသိခဲ့ရကြတဲ့ Art The Clown ဆိုတဲ့လူပြက်ပဲဖြစ်ပါတယ်။ပထမပိုင်းမှာသူကလူရှစ်ယောက်ကိုသတ်ခဲ့ပြီးကျန်ခဲ့တဲ့တစ်ယောက်ရဲ့မျက်နှာကလဲလုံးဝကိုစုတ်ပြတ်သတ်နေခဲ့ပါတယ်။ သူကဟောလိုးဝင်းမှာလူတွေကိုသတ်ဖြတ်ခဲ့တာဖြစ်ပြီးတစ်နှစ်ကြာတဲ့အချိန်မှာပြန်ပေါ်လာခဲ့ပါတယ်။ အားလုံးကသူ့ကိုသေသွားပြီလို့ထင်ခဲ့ကြပေမဲ့မထင်မှတ်ထားပဲပြန်ပေါ်လာပြီးနောက်ထပ်ဟောလိုးဝင်းမှာပဲလူတွေကိုလိုက်သတ်ပြန်ပါတယ်။
ပုံမှန်လူသတ်ကားတွေထဲကလိုသူ့ကိုတားနိုင်မဲ့သူရှိနိုင်မလား ဒါမှမဟုတ်သူကပဲအားလုံးကိုအဆုံးသတ်သွားမလားဆိုတာတစ်ကားလုံးကြက်သီးတွေထပြီးကြည့်ရမဲ့ Thriller တစ်ကားပဲဖြစ်ပါတယ်။ပါဝင်တဲ့သတ်ဖြတ်ခန်းတွေကအရမ်းကြမ်းတမ်းတဲ့အတွက်ကလေးများနဲ့နှလုံးရောဂါရှိသူများမကြည့်ဖို့တော့ကြိုသတိပေးချင်ပါတယ်ဗျ။
#horrormovie
#crd

image