16 w - Translate

တရုတ်မှ HMPV ရောဂါကူးစက်ခံရသူသည် အိန္ဒိယ၌ သုံးဦးရှိပြီဖြစ်

နူးဒေလီ၊ဇန်နဝါရီ ၆

တရုတ်နိုင်ငံ၌ဖြစ်ပွားနေသည့် HMPV ရောဂါကူးစက်ခံရသူများကို အိန္ဒိယနိုင်ငံ၌ပါတွေ့ရှိလာရပြီး လက်ရှိအချိန်အထိ ကူးစက်ခံထားရသူသည် ၃ ယောက်အထိရှိလာပြီဖြစ်ကြောင်းသိရသည်။

ယနေ့နံနက်အစောပိုင်းက အိန္ဒိယ၌ HMPV ရောဂါကူးစက်ခံရသူ နှစ်ဦးတွေ့ရှိထားပြီး အဆိုပါနှစ်ဦးမှာ သုံးလ-သားအရွယ် မိန်းကလေးနှင့် ရှစ်လ-သားအရွယ် ယောကျာ်းလေးတစ်ဦးတို့ဖြစ်ကြသည်ဟုသိရသည်။

တတိယမြောက်တွေ့ရှိသည်မှာလည်း ကလေ-းငယ်သာဖြစ်ပြီး နှစ်လသားအရွယ်ကလေ-းငယ်ဖြစ်ကြောင်းသိရသည်။ အဆိုပါကလေ-းငယ်သည် ရာဂျက်စ်သန်ပြည်နယ်မှရောက်လာသည့်ကလေ-းဖြစ်သည်ဟုဆိုသည်။

အိန္ဒိယနိုင်ငံအတွင်း၌ HMPV ရောဂါဝေဒနာရှင်သုံးဦးအထိ တွေ့ရှိလာရခြင်းကြောင့် လိုအပ်သော ကျန်းမာရေးကြိုတင်ပြင်ဆင်မှု အစီအမံများကိုမြို့တော်ဒေလီတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်းသိရသည်။