16 w - Translate

၂၀၂၄ တွင် YSX ရှယ်ယာအရောင်းအဝယ် ၄၃ ရာခိုင်နှုန်းတက်ခဲ့
---------------------------
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်းမှာ စတော့ရှယ်ယာအရောင်းအဝယ်တန်ဖိုးက ၂၀၂၃ ခုနှစ် ထက် ၄၃ ရာခိုင်နှုန်းလောက် တက်လာတယ်လို့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ အမှုဆောင်အကြီးတန်း မန်နေဂျာ ဦးမင်းသူက ပြောပါတယ်။

၂၀၂၃ ခုနှစ် အတွင်းက ရန်ကုန်စတော့အိတ်ချိန်း Main Board ရဲ့ စတော့ရှယ်ယာအရောင်းအဝယ်တန်ဖိုးက ကျပ် ၉ ဒသမ ၈၃ ဘီလီယံသာ ရှိခဲ့တာပါ။ ၂၀၂၄ ခုနှစ်မှာတော့ Main Board အပြင် ဒုတိယဈေးကွက်တစ်ခုဖြစ်တဲ့ Pre Listing Board ကို ထပ်မံထူထောင်ခဲ့ပြီး Main Board နဲ့ Pre Listing Board နှစ်ခုကနေ စတော့ရှယ်ယာ အရောင်းအဝယ်တန်ဖိုးက ကျပ် ၁၄ ဒသမ ၀၈ ဘီလီယံကျော် ရှိခဲ့ပါတယ်။

အခုလို ၂၀၂၄ ခုနှစ်ထဲမှာ ရှယ်ယာအရောင်းအဝယ် တန်ဖိုးမြင့်တက်တာဟာ Pre Listing Board တစ်ခုထပ်မံထူ ထောင်နိုင်တာနဲ့ စတော့ရှယ်ယာအရောင်းအဝယ်နဲ့ပတ်သက်တဲ့ အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေ များခဲ့တာဖြစ်တယ်လို့ ဦးမင်းသူက ပြောပါတယ်။

အခုနှစ်မှာလည်း စတော့ရှယ်ယာဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူတွေ ပိုမိုစိတ်ဝင်စားလာဖို့အတွက် ပညာပေး လုပ် ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ အများပိုင်ကုမ္ပဏီ ၈ ခုနဲ့ နေ့စဉ်အစုရှယ်ယာ အရောင်းအဝယ်တွေကို ဆောင်ရွက်နေပါတယ်။ ရန်ကုန်စတော့ အိတ်ချိန်းရဲ့ စာရင်းဝင် အကြိုဈေးကွက်(Pre Listing Board)မှာတော့ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ ကုမ္ပဏီတစ်ခုနဲ့ အရောင်းအဝယ်တွေ ဆောင်ရွက်နေပါတယ်။

image