16 ပတ် - ဘာသာပြန်ပါ။

ယခုလအတွင်း သီလဝါအိမ်ရာအခန်းများ ရောင်းချမည်
--------------------
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါအိမ်ရာက လက်ကျန်အခန်း (၈၈)ခန်းကို အတိုးနှုန်း သက်သာ တဲ့ အိမ်ရာချေးငွေနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။ သီလဝါအိမ်ရာမှာ ကျန်ရှိတဲ့ ၆ ခန်းတွဲ ၅ ထပ် (၆၁)ခန်း၊ ၈ ခန်းတွဲ ၅ ထပ် (၂၇)ခန်း စုစုပေါင်း (၈၈)ခန်းကို အတိုးနှုန်းသက်သာတဲ့ ချေးငွေစနစ်နဲ့ ချိတ်ဆက်ပြီး အခု ဇန်နဝါရီလအတွင်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အိမ်ရာ စုဆောင်းငွေကျပ် သိန်း (၃၀)နဲ့အထက် ပြည့်မီအောင် စုဆောင်းထားသူ (၁၈၉၁)ယောက် စာရင်းမှာ ပါဝင် သူတွေအနေနဲ့ကတော့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက DUHD Sale Housing Facebook Page Messenger ကတစ်ဆင့် စာရင်းပေးသွင်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

Messenger ကတစ်ဆင့် အမည်စာရင်း လက်ခံတာကို ဇန်နဝါရီလ ၂၀ ရက်ကနေ ၂၄ ရက်အတွင်း မနက် ၉ နာရီ ကနေ ညနေ ၄ နာရီအထိ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး စာရင်းပေးသွင်းလျှောက်ထားသူတွေအနက် ရောင်းချ ပေးနိုင်မယ့် အခန်းအရေအတွက်အရ CHID Bank ရဲ့ တန်းစီဇယား အစောဆုံးအမှတ်စဉ် (၈၈)ယောက်ကို မဲနှိုက်ခွင့်ပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခန်းမဲနှိုက်ပေးတာကို ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ဆောင်ရွက်ပေးသွား မှာဖြစ်ပြီး အခန်းဝယ်ယူခွင့်ရတဲ့သူဟာ အိမ်ရာချေးငွေကို မဖြစ်မနေ ချေးယူရမှာဖြစ်တယ်လို့ သိရပါတယ်။

image