16 w - Translate

ဒုံးပျံအသစ်လွှတ်တင်ရန် Blue Origin စီစဉ်နေ
-----------------------
ဆယ်စုနှစ် နှစ်ခုနီးပါး ငြိမ်သက်နေတဲ့ ဖလော်ရီဒါရှိ လွှတ်တင်ခုံပေါ်မှာ Blue Origin ကုမ္ပဏီက တီထွင်ထားတဲ့ အကြမ်းဖျင်း ပေ ၃၂၀ ရှိပြီး New Glenn အမည်ရှိ ဒုံးပျံအသစ်လွှတ်တင်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း CNN သတင်းမှာ ဖော်ပြထားးပါတယ်။

New Glenn လွှတ်တင်မှုအောင်မြင်ရင် SpaceX ရဲ့ ကာလရှည်ကြာစွာကြီးစိုးထားတဲ့ အာကာသလုပ်ငန်းနယ် ပယ်ကို အချိန်ခဏလေးအတွင်းမှာ လွှမ်းမိုးသွားစေဖို့ မျှော်မှန်းထားကြောင်း Blue Origin ကုမ္ပဏီ တည်ထောင် သူJeff Bezos က ပြောကြားထားပါတယ်။ New Glenn ကို လာမယ့် သီတင်းပတ်အစောပိုင်းမှာ Cape Canaveral Space Force စခန်းကနေ လွှတ်တင်ဖို့ စီစဉ်ထားပြီး ပထမအဆင့် ဒုံးပျံဘေးကင်းစွာ ဆင်းသက်နိုင်ဖို့အတွက် Jacklyn အမည်ရှိ ပလပ်ဖောင်းကနေတစ်ဆင့် လမ်းညွှန်ပေးမှာဖြစ်ပါတယ်။

Blue Origin ကုမ္ပဏီဟာ SpaceX လိုပဲ ကုန်ကျစရိတ်တွေကို လျှော့ချဖို့အတွက် ပထမအဆင့် ဒုံးပျံအားမြှင့်စက် တွေကို ပြန်လည်ရယူဖို့အပြင် ပြန်လည်ပြင်ဆင် အသုံးပြုဖို့အတွက်လည်း ကြိုးပမ်းသွားမှာဖြစ်တယ်လို့ Blue Origin ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။

image