"The Karat Kid" (201
အသက် ၁၂ နှစ်ပဲရှိသေးတဲ့ ဒရီ ဆိုတဲ့ကောင်လေးတစ်ယောက် သူ့အမေရဲ့အလုပ်ကြောင့် အမေရိကန်ကနေ တရုတ်ပြည်မကြီးကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒရီသဘောကျတဲ့ မေရင် ဆိုတဲ့ကောင်မလေးကလည်း အင်္ဂလိပ်လိုပြောတတ်ေတာ့ အဆင်ပြေနေတုန်းရှိသေး မေရင်ကို ကြိတ်ကြိုက်နေတဲ့ကောင်က ပြသနာရှာလို့ ရန်ဖြစ်ပါတော့တယ်။မေရင်ကို သဘောကျနေတဲ့ကောင်က ကွန်ဖူး ပညာတတ်မြှောက်တာမလို့ ဒရီပဲခံလိုက်ရပါတယ်
သူတို့အိမ်နားက ရေပိုက်ပြင်တဲ့ မစ္စတာဟန် ဆိုတဲ့လူတစ်ယောက်က လာကူညီလို့ ဒရီလည်းခံသာသွားပါတယ်။မစ္စတာဟန်
ကလည်း ကွန်ဖူးပညာတတ်မြှောက်ထားတော့ ဒရီကိုကွန်ဖူးသင်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲ့မှပဲဇာတ်လမ်းက အစချီလာပါတော့တယ်။ကွန်ဖူးပညာကို ဘာမှမသိတဲ့ ဒရီ ကို မစ္စတာဟန် တစ်ယောက် ဘယ်လိုမျိုး ပညာသားပါပါ သင်ပြသွားမလဲ? ပြိုင်ပွဲနေ့မှာရောက်တော့ရော ဒရီရဲ့ အရည်အချင်းက ဆရာလီ တပည့်တွေကို အနိုင်ချနိုင်လောက်တဲ့အထိ ပြည့်မှီပါ့မလား
ဇာတ်လမ်းထဲမှာ လူငယ်နှစ်ယောက်ရဲ့ သံယောဇဉ်၊အမေတစ်ယောက်ရဲမေတ္တာနှင့် ကိုယ့်အမှားကို ခွင့်မလွှတ်နိုင်တဲ့ လူတစ်ယောက်ရဲ့ ရုန်းထွက်မှုတွေပါ ကြည့်ရှုရမှာမလို့ တကယ်ကို ကြည့်ရတာတန်တဲ့ဇာတ်ကားဖြစ်ပါတယ်...
#crd
