ပဲကိတ်လုပ်နည်း
စျေးကွက်ဝင် ပဲကိတ်အချိုး
ကိတ်ဂျုံ. 1000 g
သကြား. 800 g
ကြက်ဥ... 12 လုံး
Bk...(ဘေကင်ပေါင်ဒါ) 25 g
Sp.(ကိတ်ဂျယ်) 40 g
ဆီ... 500 g
ရေ.. 600 g
ဆား. 8 g
နိုအနံ့ အနည်းငယ်
အဝါရောင် အနည်းငယ်

ပြုလုပ်ပုံ

ကြက်ဥ သကြား ဆား အရောင် အနံ့ ကို ရေ 200 g ထည့်၍
စက်အရှိန် အမြင့်ဖြင့် ၃ မိနစ်ခန့်
သကြားကြေအောင်မွေပေးပါ
ပြီးလျှင် ဂျုံနှင့် bk ဘေကင်ပေါင်ဒါ ထည့်ပြီး
စက်အရှိန်မြင့်ဖြင့် ၁ မိနစ် မွှေပေးပါ ပြီးလျှင်
ထိုအရှိန်အတိုင်း sp (ကိတ်ဂျယ်) ထည့်၍ ၃ မိနစ် ဆက်မွှေပေးပါ
ထို ၃ မိနစ်အတွင်းမှာ ကျန်ရှိနေသောရေကို ဖြည့်ဖြည့်ချင်းလိုက်ထည့်ပေးပါ
၃ မိနစ်ပြည့်လျှင်
စက်အရှိန်ကို အနှေးပြောင်း၍
ဆီ ဖြည်းဖြည်းထည့်ပါ ဆီကုန်လျှင် စက်အရှိန် အမြင့်ဖြင့် ၁၀ စက္ကန့် မွှေပေးပြီး စက်အရှိန် အနှေးသို ပြန်ပြောင်း၍ ၁ မိနစ်ခန့် ဆက်မွှေပေးပါ
ပြီးလျှင် မုန့်ဖုတ်မည့် ဘန်းကို ဆီသုတ်ပြီး ဆီစိမ်စက္ကူခင်းထားသောဘန်းအတွင်းသို ၂ ဘန်းစာ ညီညီမျှမျှ ထည့်ပေးပြီး
ကြိုတင်အပူပေးထါးသော oven အတွင်းသို ထည့်ဖုတ်ပါ
Oven အပူချိန်
အပေါ် မီး ၂၀၀
အောက်မီး ၁၉၀
ဖြင့် ၂၀ မိနစ်ဖုတ်ပြီး ဘန်းလှည့်ပါ
နောက်ထပ် ၅ မိနစ်ဖုတ်ပြီးရင်ရပါပြီ
Oven အပူရှိန်က တစ်လုံးနှင့်တစ်လုံး မတူညီနိုင်ပါသဖြင့် မိမိ အဆင်ပြေသလိုဖုတ်ကြပါ

ပဲယို အချိုး

ကုလားပဲခြမ်း 400 g
သကြား 350 g
ဆီ 100 g
ဆား 10 g
ကိတ်ဂျုံ 500 g
ရေ. 200 g
အဝါရောင် အနည်းငယ်
နိုအနံ့ အနည်းငယ်

ပြုလုပ်ပုံ
ပဲကိုနူးအောင်ပြုတ်၍ ဇကာချထားပါ
သကြား ရေ ဆား အရောင် အနံ တိုကို မီးအနေတော်ဖြင့် ရေဆူအောင်တည်ပြီး
ရေဆူလျှင် ဇကာချထားသော ပဲကိုထည့်ပါ နှံအောင်မွှေပြီးလျှင် ဂျုံ လိုက်ထည့်ပြီး ဆက်မွှေပါ
ဂျုံနှံလျှင် ဆီ လိုက်ထည့်ပြီး
အားလုံးသမအောင်မွှေပြီး အပျော့အမာ လိုသလိုချိန်၍ အိုးချပြီးအအေးခံထားပါ
ကိတ်လည်းအေးမှ ယိုလည်းအေးမှ အလွှာထပ်ပါ
အလွှာထပ်လျှင်
ပြည့်ဝ သကြားပျော်ရည်ကို ကော်အဖြစ် အသုံးပြုနိုင်ပါသည်

ပြည့်ဝသကြားပျော်ရည်လုပ်နည်း
ရေ ၅၀ g
သကြား ၁၀၀ g
ကို သကြားစေ့ကြေအောင် ကြိုပြီးအအေးခံလျှင်ရပါပြီး
#crd

image