17 w - Translate

ကျွန်တော်က အနုပညာအလုပ်တွေနဲ့ပဲ လုံးပန်းပြီး နေတော့ သမီးတွေ ရှိမှန်းတောင် သိပ်မသိကြဘူး။ ကျွန်တော့မှာ တိမ်ပန်းချီပျိုပျိုမေ ရယ်၊ ရတုပျိုပျိုမေ ရယ် ဆိုပြီး သမီး (၂) ယောက် ရှိတယ်။ သမီးကြီးက ရွှေကြို ဝင်ပြိုင်တော့ အဖေ တစ်ယောက် အနေနဲ့ ပံ့ပိုးပေးဖြစ်တယ်။ သမီးတွေ ဖြစ်ချင်တာကို လုပ်ခွင့် ပေးထားတယ်လေ။ အောင်မြင်မယ်လို့လည်း ယုံကြည်တယ်။ နှစ်ယောက်လုံးကလည်း အရွယ်ရလာတော့ အနုပညာကို စိတ်ဝင်စားလာကြတာ ဝမ်းသာမိပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပါ အနုပညာပဲ ဖြစ်ဖြစ် ဘာအလုပ်ပဲ ဖြစ်ဖြစ် သူတို့ လုပ်ချင်တာလေးကို လမ်းကြောင်းပြ အားပေးပြီး ပံ့ပိုးသွားမှာပါ ဆိုပြီး သမီးလေးတွေအတွက် သူ့ရဲ့ ခံစားချက်ကို ထုတ်ပြောလာတဲ့ ဇာတ်ပို့ သရုပ်ဆောင် ဇင်မျိုး။

#crd

image