"ယိုးဒယား သာကူလုံး လုပ်နည်း"
ယိုဒယား သာကူစေ့များကိုရေအေးနဲ့
ဆားနဲ့ နယ်ပြီးနှပ်ထားပါ
(မြန်မာသာကူနဲ့ဆိုရင် အနံ့ အရသာမတူပါ)
နှပ်ထားတုန်းမှာဝက်သားကိုစဉ်းကြက်သွန်နီကိုစဉ်း

ဂျင်းနဲ့ကြက်သွန်ဖြူကိုထောင်းပြီး
စဉ်းထားတဲ့ဝက်သားနဲ့နယ်
ဆား ငရုပ်ကောင်းပဲငံပြာရည် ခရုဆီတို့အနည်းငယ်ထဲ့
ဒယ်အိုးပူထဲ ဆီနဲနဲ နဲ့လှိမ့်အသားနူးရင်ကြက်သွန်နီစဉ်းထားတာထဲ့
ခြောက်သွားတဲ့ထိကြော်(ဝက်သားမစားရင်
ကြက်သား အမဲသား စသဖြင့်သုံးလို့ရပါသည်
သို့သော် ဝက်သားဖြင့်သာ အကောင်းဆုံး)

နှပ်ထားသောသာကူများကိုလုံးပြီး
ကြော်ထားတဲ့အသားကိုထာပနာဆီသုတ်ထားတဲ့ပေါင်းအိုးမှာ
တစ်လုံးကိုတစ်လုံးမထိအောင်ထားပြီး
အောက်မှာရေထဲ့ရေနွေးနဲ့ပေါင်းသာကူလုံးအကြည်လေးဖြစ်သွားတဲ့ထိပေါင်း
၁၅ မိနှစ် မိနစ် ၂၀ လောက် ပေါင်းလိုက်ရင်ရပြီ

ပြီးရင် ကြက်သွန်ဖြူဆီချက်ဖြူးငရုပ်သီးစိမ်း / ငရုပ်သီးအခြောက်ကြော်
နံနံပင်
ဂျုးမြစ်
ဆလပ်ရွက်
ကြက်သွန်မြိတ် တို့ဖြင့်
တွဲဖက်စားသုံးနိုင်ပါသည်

Crd -

image