17 ပတ် - ဘာသာပြန်ပါ။

ချက်ဂိုးသမားကင်စကီကို စပါးအသင်း ခေါ်ယူနိုင်ခဲ့
-----------------------
စပါးအသင်းဟာ ဇန်နဝါရီလအပြောင်းအရွှေ့မှာ အသင်းရဲ့ပထမဦးဆုံးခေါ်ယူမှုအဖြစ် ဆလားဗီးယားပရက်ဂ် ဂိုးသမား ကင်စကီကို ခေါ်ယူနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းကို (၄)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်ကတည်းက အသင်းရဲ့ အဓိကဂိုးသမား ဗီကာရီယို ဒဏ်ရာရခဲ့တာကြောင့် စပါးအသင်းက ဂိုးသမားသစ်တစ်ယောက် ခေါ်ယူဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ။

အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ ဂိုးသမားကင်စကီဟာ စပါးအသင်းကို ပြောင်းရွှေ့ကြေး ပေါင်(၁၂)သန်းခွဲနဲ့ ရောက်လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ (၂၀၃၁)ခုနှစ်အထိ စာချုပ်ချုပ်ဆိုနိုင်ခဲ့တာြဖစ်ပါတယ်။ စပါးအသင်းလို ဥရောပရဲ့နာမည်ကြီး အသင်းတစ်သင်းနဲ့ စာချုပ်ချုပ်နိုင်ခဲ့တာက ဂုဏ်ယူစရာကောင်းသလို စပါး အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဂိုးသမားကင်စကီက ပြောပါတယ်။

အသင်းသစ်နဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်သလို ပွဲထွက်ကစားခွင့်ရဖို့ကိုလည်း မျှော်လင့်မိ တယ်လို့ ကင်စကီက ဆက်လက်ပြောကြားခဲ့ပါတယ်။ ဂိုးသမားကင်စကီဟာ အခုဘောလုံးရာသီမှာ ဆလားဗီးယား ပရက်ဂ် အသင်းအတွက် (၂၉)ပွဲကစားခဲ့ပြီး (၁၄)ပွဲကို ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့သူဖြစ်ပါတယ်။

image