17 ပတ် - ဘာသာပြန်ပါ။

ဂျိုးဖြူပိုက်လိုင်း ပြင်မည် ဖြစ်သောကြောင့် ယာယီရေပြတ်မည်

ဂျိုးဖြူပိုက်လိုင်း ပြုပြင်ရန်ရှိသည့်အတွက် ရန်ကုန်မြို့တွင် မနက်ဖြန် ဇန်နဝါရီ (၇) ရက်၌ ရေယာယီပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အသိပေးထားသည်။

ယာယီပြုပြင်ထားသော ဂျိုးဖြူပိုက်လိုက်ကြီးအား အကြီးစား ပြုပြင်မှုများ ပြုလုပ်မည်ဖြစ်သောကြောင့် ယာယီရေပြတ်မည်ဖြစ်သည်ဟုဆိုသည်။

အဆိုပါ အကြီးစားပြုပြင်ခြင်း လုပ်ငန်းစဉ်များတွင် ဇန်နဝါရီလ (၇) ရက် နံနက် အစောပိုင်း (၂) နာရီမှစ၍ ရေစတင်ပိတ်ပြီး ရေကျန်များထုတ်ခြင်း၊ ဂျွိုင်းဆက်များ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး ညနေပိုင်းတွင် ရေပြန်လည်ရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း သိရသည်။

imageimage