AI ဒေတာစင်တာတိုးချဲ့ရန် Microsoft စီစဉ်နေ
-----------------------
၂၀၂၅ ဘဏ္ဍာနှစ်မှာ ဥာဏ်ရည်တုမော်ဒယ်တွေ လေ့ကျင့်သင်ကြားဖို့နဲ့ Cloud-based အပလီကေးရှင်းတွေကို အသုံးချပြီး ဒေတာစင်တာတွေ ပိုမိုတိုးချဲဖို့အတွက်အမေရိကန် ဒေါ်လာ ၈၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံဖို့ စီစဉ် နေကြောင်း Microsoft ကုမ္ပဏီက ထုတ်ပြန်ထားတာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။ AI နည်းပညာဟာ ကြီးမားတဲ့ ကွန်ပျူတာစွမ်းအင် လိုအပ်ပြီး နည်းပညာကုမ္ပဏီတွေက ထောင်နဲ့ချီတဲ့ ချစ်ပ်ပြား တွေကိုချိတ်ဆက် နိုင်စေမယ့် ဒေတာစင်တာတွေအတွက် လိုအပ်ချက်ကို တွန်းအားပေးနေတာပါ။
ဒါကြောင့် Microsoft ဟာ AI အခြေခံအဆောက်အအုံ မြှင့်တင်ဖို့နဲ့ ဒေတာစင်တာကွန်ရက်ကို ကျယ်ပြန့်စေဖို့ အတွက် ဘီလီယံနဲ့ချီပြီး ရင်းနှီး မြှုပ်နှံထားတာဖြစ်ပါတယ်။ Microsoft ရဲ့ ဒေတာစင်တာတွေမှာ အမေရိကန် ဒေါ်လာ ၈၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမှု ထက်ဝက်ကျော်က အမေရိကန်ပြည်ထောင်စုမှာ ဖြစ်လိမ့်မယ်လို့ ကုမ္ပဏီ ဒုဥက္ကဋ္ဌက ပြောကြားထားပါတယ်။
