17 w - Translate

ကမ္ဘာ့လစာအများဆုံးဝန်ထမ်းအဖြစ် အိန္ဒိယနွယ်ဖွား ဂျာဒိဆင်း ရပ်တည်

အမေရိကန်အခြေစိုက် လျှပ်စစ်ကားဘက်ထရီ ထုတ်လုပ်မှုလုပ်ငန်းကြီး QuantumScape ရဲ့ ထူထောင်သူနဲ့ စီအီးအိုဟောင်း အိန္ဒိယနွယ်ဖွား ဂျာဒိဆင်းဟာ ဒီကနေ့ကမ္ဘာမှာ လစာအများဆုံးရရှိတဲ့ ဝန်ထမ်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း Moneycontrol ထုတ်ပြန်မှုအရ သိရှိရပါတယ်။
ဂျာဒိဆင်းဟာ တစ်နှစ်လစာ ဒေါ်လာ ၂ ဒဿမ ၁ ဘီလီယံရှိပြီး တစ်ရက်ဝင်ငွေနဲ့တွက်ရင်တောင် ဒေါ်လာ ၅ ဒဿမ ၆ သန်း ရှိနေခဲ့လို့ ကမ္ဘာ့လစာအကောင်းဆုံး အလုပ်သမားဝန်ထမ်းအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
သူဟာ အချိန် အတိုဆုံး အားသွင်းနိုင်ပြီး အချိန်အကြာဆုံး သုံးနိုင်စေမယ့် လျှပ်စစ်ကားတွေအတွက် ဘက်ထရီကို Quantumscape ကုမ္ပဏီကနေ အောင်မြင်စွာ ထုတ်လုပ်ပေးနိုင်ခဲ့သူဖြစ်ကာ ၂၀၂၄ ဖေဖော်ဝါရီက ကုမ္ပဏီ စီအီးအိုနေရာကို ဆီဗာဆီဗာရမ်ဆိုသူထံ လက်လွှဲပေးလိုက်ပေမယ့် ၂၀၁၀ မှာ စတင်ထူထောင်တဲ့ ဒီကုမ္ပဏီဟာ စတော့စျေးကွက်တန်ကြေး ဒေါ်လာ ၂ . ၃ ဘီလီယံတန်တဲ့အထိ အောင်မြင်ခဲ့လို့ ခုထိ ကုမ္ပဏီရဲ့ ဦးဆောင်ကဏ္ဍ ကနေ လစာများစွာ ခံစားရရှိနေသေးတာဖြစ်ပါတယ်။
နိုင်ငံတကာက ထိပ်တန်း တက္ကသိုလ်ကြီးတော်တော်များများက ဘွဲ့တွေ ရယူပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ ဆန်းသစ်တီထွင် ဦးဆောင်လုပ်ငန်းရှင်အဖြစ် ကမ္ဘာ့စီးပွားရေးလောကမှာ ထိပ်တန်းပုဂ္ဂိုလ်ဖြစ်လာခဲ့တဲ့ ဂျာဒိဆင်းဟာ ကုမ္ပဏီပေါင်းများစွာမှာ အလုပ်သမားအဖြစ် ကျင်လည်ခဲ့ပြီး ဒီကုမ္ပဏီတွေထဲ HP နဲ့ Sun Microsystems တို့လည်း ပါဝင်ခဲ့ပါတယ်။
၁၉၉၂ ခုနှစ်မှာ AirSoft ကုမ္ပဏီထူထောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ လည်း နောက်ထပ် ကုမ္ပဏီတစ်ခု ထပ်ထူထောင်ကာ ကုမ္ပဏီတော်တော်များများမှာ စီအီးအိုရာထူးတွေ ရရှိထားလို့ ဝင်ငွေပေါင်းများစွာကို ဝန်ထမ်းအဖြစ် ရရှိတဲ့ ဘီလျံနာတစ်ယောက် ဖြစ်လာခဲ့တာပါ။
Ref: newsbytesapp
Credit

image