ကရင်ပြည်နယ် ဘားအံမြို့ အိန္ဒုရွာအနီးက
ဆဒ္ဒန်ဂူ☘️
ဆဒ္ဒန်ဂူဟာ ကရင်ပြည်နယ်မှာ ရှိတဲ့ ဂူတွေထဲက အကျယ်ဆုံးနဲ့ အလျားအရှည်ဆုံးဂူပါ။ ဘားအံမြို့ကနေလာရင် (မိနစ် ၃၀ခန့်) အိန္ဒုရွာအကျော်မှာ ဆဒ္ဒန်ဂူလမ်းခွဲ ရှိပါတယ်။ ဆဒ္ဒန်ဂူလမ်းခွဲကနေ ၅မိနစ်ခန့်ဝင်လိုက်ရင် လမ်းဆုံးရင် ဆဒ္ဒန်ဂူကို ရောက်ပါပြီ🍀
ဆဒ္ဒန်ဂူအတွင်းထဲမှာ လင်းနို့များနဲ့ ကျောက်စက်ပန်းဆွဲများစွာ ရှိပါတယ်🍀
ဆဒ္ဒန်ဂူအနောက်ထွက်ပေါက်မှာ လှေစီးလို့ရပါတယ်။ ရေကျချိန်မှာ ဂူအောက်ကနေ လှေစီးလို့ရပြီး မိုးတွင်း ရေတက်ချိန်မှာတော့ ဂူအပြင်ဖက်ကနေ လှေတစ်ပတ် ပတ်စီးလို့ရပါတယ်🍀
အခါအခွင့်ကြုံရင် ဘားအံမြို့ကို အလည်အပတ်ရောက်ခဲ့ရင် ဘားအံမြို့နဲ့လည်း သိပ်မဝေးတဲ့ ဆဒ္ဒန်ဂူကိုလည်ပတ်နိုင်ဖို့ ဖော်ပြလိုက်ပါတယ် ခင်ဗျာ
#သွားမယ်
