သူ့ရဲ့ စေ့စပ်မင်္ဂလာပွဲမှာ သူချစ်တဲ့ တိရိစ္ဆာန်လေးတွေကိုပါ ပါဝင်စေခဲ့တဲ့ ပိုင်တံခွန် 🥰🩷🩷
ပိုင်တံခွန်ဟာ ပရိသတ်တွေကြားမှာ တိရိစ္ဆာန်လေးတွေအပေါ် ချစ်ခင်ကြင်နာတတ်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ကျော်ကြားသူပါ။ လက်ရှိ သူမွေးမြူထားတဲ့ တိရိစ္ဆာန်မျိုးစုံရှိပြီး သူဟာ အိမ်မွေးတိရိစ္ဆာန် မြွေ၊ လိပ် ကအစ မွေးမြူဖူးတာ တွေ့ရပါတယ်။ မကြာသေးခင်ရက်ပိုင်းက ကျင်းပခဲ့တဲ့ ချစ်သူလင်းမြဖြူနဲ့ စေ့စပ်မင်္ဂလာပွဲမှာလည်း သူ့ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေကိုပါ ပါဝင်စေခဲ့တာ တွေ့ရပါတယ်။ ပိုင်ဆိုင်ထားတဲ့ ချစ်သူကလည်း သူချစ်တဲ့ တိရိစ္ဆာန်လေးတွေကိုပါ ထပ်တူထပ်မျှချစ်ပေးတတ်တဲ့ သူတစ်ဦးပါ။ သူတို့နှစ်ဦးဟာ ဦးစွာ စေ့စပ်ထားပြီး တစ်နှစ်လောက်အကြာမှာ မင်္ဂလာပွဲကျင်းပမယ်လို့ သိထားကြောင်း အကိုဖြစ်သူ နိုင်တံခွန်က ပြောပါတယ်။
#crd_photo
