ကိုရီးယားတက္ကသိုလ်တစ်ခုခုတွင် တက်ရောက်ခွင့်ရရှိထားပြီး ကျောင်းလခနှင့် နေထိုင်စရိတ်အခက်အခဲရှိနေသည့် မြန်မာနိုင်ငံသား (၂)ဦးအတွက် ပညာသင်ဆုပေးအပ်မည်
နေပြည်တော်၊ ဇန်နဝါရီ ၆
ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် တက်ရောက်ခွင့်ရရှိထားပြီး ကျောင်းလခနှင့် နေထိုင်စရိတ်အခက်အခဲရှိနေသည့် မြန်မာနိုင်ငံသား ကျောင်းသား၊ကျောင်းသူ (၂)ဦးအတွက် ပညာသင်ဆု စိစစ်ရွေးချယ်ပေးအပ်မည်ဖြစ်ကြောင်း မြန်မာသံရုံး(ဆိုးလ်မြို့)မှ အသိပေးကြေညာထားသည်။
Global Elim Foundationမှ ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် ဘွဲ့ကြို၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့ (ကိုရီးယားဘာသာစကားသင်တန်းမပါ) တက်ရောက်ခွင့်ရရှိထားပြီး ကျောင်းလခနှင့် နေထိုင်စရိတ်အခက်အခဲရှိနေသည့် မြန်မာနိုင်ငံသား ကျောင်းသား၊ကျောင်းသူ (၂)ဦးအတွက် ပညာသင်ဆု စိစစ်ရွေးချယ်ပေးအပ်မည်ဖြစ်ရာ သတ်မှတ်ထားသည့် အရည်အချင်းနှင့် ကိုက်ညီသော လျှောက်ထားလိုသူများသည် ယခုကြေညာချက်တွင် ပူးတွဲပါရှိသည့် စာရက်စာတမ်း၊ အထောက်အထားတို့အား ပြည့်စုံစွာ ဖြည့်စွက်၍ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၂၃ရက် ၁၆နာရီ နောက်ဆုံးထားပြီး Myanmar Embassy, Hannam-daero 28-girl 12, Yongsan-gu, Seoul, 04418သို့ လူကိုယ်တိုင်လာရောက်၍ သော်လည်းကောင်း၊ စာတိုက်မှတစ်ဆင့် သတ်မှတ်ချိန်အမီ အရောက်ပေးပို့၍သော်လည်းကောင်း mentoringcenterglobal@gmail.comသို့ ပေးပို့၍သော်လည်းကောင်း လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
သတ်မှတ်ရက်ထက်ကျော်လွန်ပြီးမှ ရောက်ရှိလာသည့် လျှောက်လွှာများအား လက်ခံစဉ်းစားပေးမည် မဟုတ်ကြောင်း အသိပေးကြေညာထားသည်။
Photo- ပုံဟောင်း
#centralnewsnaypyitaw
