17 ပတ် - ဘာသာပြန်ပါ။

မုန့်ကုလားမဲ လုပ်နည်း

အိမ်မှာနေရင်း အလွယ်တကူလုပ်စားလို့ရပြီ။ သန့်ရှင်းတယ်။ ငွေကုန်ကြေးကျသက်သာတယ်။ လတ်ဆတ်တယ်။ ဘာဆေးမှထည့်မထားဘူး။

1. ငချိတ်မှုန့် (Black sticky rice flour) - 150gm
2. ကောက်ညင်းမှုန့် (White sticky rice flour) - 25gm
3. ပြောင်းဖူးမှုန့် - 10 gm
4. သကြား (Sugar) - 120 gm
5. ဆား (Salt) - 4 gm
6. ထောပတ် (Butter) - 50 gm
7. ဆီ (Oil) - 20 gm
8. အုန်းနို့ (Coconut milk powder) - 50 gm
9. ရေ (Water) - 400 gm
ပြုလုပ်ပုံ အဆင့်ဆင့် ၁။ သကြားနှင့်ဆား ကိုရေ ၄၀၀ မီလီ ဖြင့်ဖျော်ပြီးအနယ်၊အမှိုက် များမပါစေရန် စစ်ထားပေးပါ။ အုန်းနို့ ထည့်ပါ။
၂။ ဇလုံ တစ်ခုထဲသို့ ကောက်ညင်းငချိတ် နှင့် ကောက်ညင်းမှုန့် ကိုထည့်ပြီးနံ့အောင်ရောမွေထားပါ။
၃။ အစီစဉ် ၁ နှင့် ၂ ကိုလည်းရောလိုက်ပါ။
၄။ ကျိုမည့်အိုးထဲသို့ ထောပတ်ကို ထည့်ပါ။ အစီစဉ်အမှတ်စဉ်(၃) မှပါဝင်ပစ္စည်းများအားလုံးကိုထည့်ပြီးဖြေဖြေးမွှေပေးပါ။ ပွတ်လာလျင်အမြန်နှင့်ဆက်တိုက်မွှေပေးပါ။(၈မိနစ်ခန့်)။
၅။ စေးစေးညက်ညက်လေးနှင့် အနံ့လေးမွေးကြိုင်လာပါလိမ့်မည်။ အအေးခံပြီးအရသာရှိစွာ စားသုံးနိုင်ပါပြီ။
မှတ်ချက်။ ။ အုန်းမှုန့် အစား အုန်းနို့ ထည့်မည်ဆိုလျင် အုန်းနို့ထည့်သလောက် ရေကိုလျော့ထည့်ပါ။ (အရည်အားလုံးပေါင်း ၄၀၀ ဂရမ်ဖြင့် ကျိုရပါမည်။)
#မြိန်မြိန်

image