17 ပတ် - ဘာသာပြန်ပါ။

မလေးရှားတွင် HMPV ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာနေ
----------------------
တရုတ်နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတဲ့ HMPV ဗိုင်းရပ်စ်ဟာ မလေးရှားနိုင်ငံတွင်းမှာလည်း ကူးစက်ဖြစ်ပွားမှုတွေ တိုးလာနေတာကြောင့် ပြည်သူတွေအနေနဲ့ ရောဂါကြိုတင်ကာကွယ်ရေး နည်းနာတွေကို လိုက်နာလုပ်ဆောင်ကြဖို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်လိုက်ပါတယ်။

မလေးပြည်သူတွေအနေနဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးကာကွယ်ဖို့အတွက် လက်ကို ဆပ်ပြာနဲ့ ဆေးကြောတာ၊ နှာခေါင်းစည်းတပ်ဆင်တာ၊ နှာချေချောင်းဆိုး တဲ့အခါ ပါးစပ်နဲ့နှာခေါင်းကိုဖုံးတာ အပါအဝင် ရောဂါကြိုတင်ကာ ကွယ်ရေး နည်းနာတွေကို လုပ်ဆောင်ကြဖို့ လမ်းညွှန်ထားတယ်လို့ The Straits Times သတင်းမှာ တနင်္လာနေ့က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ထဲက မလေးပြည်တွင်းမှာ HMPV ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ် (၃၂၇) ခုရှိခဲ့ပြီး ဒါဟာ ၂၀၂၃ ခုနှစ်ကထက် ဖြစ်စဉ် (၁၀၀)ခန့် ပိုမိုဖြစ်ပွားလာတာ ဖြစ်ပါတယ်။ HMPV ဟာ အသက် ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပြီး အအေးမိတုပ်ကွေး လက္ခဏာနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ရောဂါအပြင်းထန်ဆုံး အခြေ အနေမှာ အဆုတ်ပွတာ ဒါမှမဟုတ် အဆုတ်ရောင် နမိုးနီးယားအထိ ဖြစ်ပွားတတ်တယ်လို့ မလေးရှား ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

image