17 w - Translate

~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
“တော်စမ်းပါ။ ဟိုတုန်းက အခြေအနေနဲ့တောင် နင့်ကိုငါ ဘာတစ်ခုများ အခွင့်အရေး တောင်းခဲ့ဖူးသလဲ ဟင် ။ စဉ်းစားကြည့်စမ်း ။ ငါဘာတွေများ နင့်ဆီ တောင်းဖူးလို့လဲ ။ ဘယ်တုန်းကများ မျက်ရည်ခံထိုးခဲ့ဖူးလဲ။ ငါ့မျက်ရည်ကြောင့် နင့်ဆုံးဖြတ်ချက်မှားမှာစိုးလို့ ငါငိုချင်ရင်တောင် နင့်ကွယ်ရာ မှာ ငိုခဲ့တာ ။ အခုလဲ နင့်ကို မယူဘူး ။ ကမ္ဘာပေါ်မှာ ယောကျာ်းဆိုလို့ နင်တစ်ယောက်တည်း ကျန်ပါစေ ။ ငါနင့်ကို မယူဘူး”
မောင်သည် ကျွန်မ ပခုံးကို တအား ဆုပ်ညှစ်၍ ခပ်ဖြည်းဖြည်း ရယ်မောသည်။
“ဟုတ်တယ် .. အဲဒါ နင့်ရဲ့ တကယ့် ဟန်ဆောင်မှု မပါတဲ့ စိတ်ဓာတ်ပဲ။ ဒါပေမယ့် ငါ ကြောက်တာလဲ အဲဒီ စိတ်ဓာတ်ပဲ။ နင် နားလည်ပါ့မလားမသိဘူး။ အဲဒီစိတ်ဓာတ်မျိုးရှိတဲ့ မိန်းမတစ်ယောက်ဟာ ချစ်သူတစ်ယောက်ကို ယူပြီဆိုရင်လဲ အချစ်အတွက်သာ ပေါင်းသင်းမယ့် မိန်းမ။
အချစ်နည်းနည်းလျော့တာနဲ့ တစ်ပြိုင်တည်း သားသမီး သံယောဇဉ် လူမှုရေး ပြဿနာ ဘာဆိုဘာမှ မငဲ့ဘဲ ငါ့ကို ထားပစ်ခဲ့မယ့် မိန်းမ ၊
ငါ တစ်ကိုယ်ကောင်းဆန်မိတာ ဖြစ်နိုင်ပါတယ် ၊ နင့်ကို ငါ မယူရဲတာပေါ့လေ ၊ နန်းက အဲဒီလို မိန်းမ မဟုတ်ဘူး”
“တော်တော့”
ကျွန်မ ထိုနာမည်ကို ယခုတစ်ကြိမ် အမုန်းတီး အခါးသီးဆုံး ဖြစ်ပါသည်။
“အချစ်လျော့သွားရင်တောင်မှ အကြောင်းအမျိုးမျိုးကြောင့် ငါနဲ့ ဆက်ပြီး ပေါင်းသင်း… …”
“ကျေးဇူးပြုပြီး တော်ပါတော့ကွယ် … ဘာဆို ဘာမှ မပြောနဲ့တော့”
ဘာကြောင့်ပဲ ထားခဲ့ ထားခဲ့ ကျန်ရစ်ခဲ့သူက ကျွန်မသာလျှင် မဟုတ်လား ။
ကျွန်မ ပါးပေါ်မှာ အေးစက် စိုမြနေသော မျက်ရည်စများကို မောင့်ပါးဖြင့် ကပ်၍ ပွတ်သပ်ဖယ်ရှားပေးပါသည်။
“ကြိုးတစ်ချောင်းဟာ ဖြတ်သင့်တဲ့ အချိန်ရောက်လာရင်တော့ ဖြတ်ကို ဖြတ်ရမှာပေါ့လေ”
နာကျင်ပြင်းပြသော နောင်တတရားဖြင့်ကျွန်မ ရေရွတ်လိုက်သောအခါ မောင်က ပင့်သက်တစ်ချက်သာ လေးပင်စွာ ရှိုက်ပြန်သည်။

#ဆက်ရန်ရှိ

image