မနက်လိမ်းရမယ့် skincare လား?
ညလိမ်းရမယ့် skincare လား?
လူအများစု သိပြီးသားပေါ့နော်။ အသားအရေမပျက်စီးအောင် ကာကွယ်မယ့် sunscreen, antioxidant skincare တွေကို မနက်ခင်းမှာ လိမ်းပေးရတယ်။ ညဘက်ကိုတော့ skin repair အတွက် ရည်ရွယ်တဲ့ skincare တွေကို ပိုလိမ်းပေးသင့်တယ်။ ဒါကတော့ အလွယ်ပြောတာပေါ့နော်။
ဈေးကွက်ထဲမှာ တွေ့နေရတဲ့ skincare တော်တော်များများကတော့ မနက် ညလိမ်းလို့ရတာတွေချည်းပါပဲ။ ကျိန်းသေပေါက် မနက်ပဲလိမ်းသင့်တာကတော့ sunscreen ပေါ့။ ညဘက်ကတော့ exfoliating acids တွေ, retinol, sleeping mask တွေသုံးဖို့ ပိုပြီးသင့်တော်တယ်။
အထူးသဖြင့် active ingredients တွေရဲ့အာနိသင်ကို ကောင်းကောင်းရဖို့အတွက် သူတို့ကို ညဘက်မှာ အဓိကထားလိမ်းပေးသင့်တယ်။ Sleeping mask, night cream, balm စတဲ့ နေ့ဘက်မှာ heavy ဖြစ်နိုင်တဲ့ skincare တွေကိုလဲ ညဘက်မှာ လိမ်းပေးသင့်တယ်။ အရေးကြီးတာကတော့ sunscreen ကိုညဘက်မလိမ်းဖို့နဲ့ exfoliating skincare တွေကို မနက်မလိမ်းမိဖို့ပါပဲ။
--------------------
#crd
