17 w - Translate

အမေရိကန်ဘဏ္ဍာရေးဌာနကို တရုတ်ဖောက်ထွင်းဝင်ရောက်ခဲ့ဟု ကန်တာဝန်ရှိသူများဆို
............

အမေရိကန်ဘဏ္ဍာရေးဌာနအတွင်းမှာရှိတဲ့ စနစ်အချက်အလက်တွေကို တရုတ် နိုင်ငံက ဟက်ကာတစ်ဦးက ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေကပြောပါတယ်။
အမေရိကန်ဘဏ္ဍာရေးဌာန အတွင်းပိုင်း စနစ်တွေကို ဖောက်ထွင်းဝင်ရောက်ကာ အရေးကြီးစာရွက်စာတမ်းတွေ၊ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်တာ‌အချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖောက်ဖျက်မှုက ဒီဇင်ဘာလအစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖောက်ထွင်းဝင်ရောက်မှုရဲ့ နောက်ဆက်တွဲသက်ရောက်မှု ဖြစ်စဉ်ကို အမေရိကန်အေဂျင်စီက စုံစမ်းစစ်ဆေးဖို့အတွက် FBI အပြင် အခြားသော အေဂျင်စီတွေနဲ့ လက်တွဲလုပ်ဆေင်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဆိုက်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အအုံလုံခြုံရေးအေဂျင်စီတို့ကလည်း ချိုးဖောက်မှု အလုံးစုံအကျိုးသက်ရောက်မှုကို ဆုံးဖြတ်နိုင်ဖို့အတွက် မှုခင်းစုံစမ်းစစ်ဆေးရေးမှူးတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
အခုလို အမေရိကန်ဘက်က စွပ်စွဲပြောဆိုမှုတွေနဲ့ပတ်သတ်ပြီး ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါစွပ်စွဲချက်ဟာ “အပုပ်ချတိုက်ခိုက်မှု” တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး တိကျသေချာတဲ့ သက်သေအရင်းမြစ်မရှိဘူးလို့တုံ့ပြန်ပြောကြားပါတယ်။

image