17 w - Translate

အာဆင်နယ် ပရီးမီးယားလိဂ်ဆုဖလား ၂ လုံးရသင့်ဟု နည်းပြအာတေတာ ပြော

အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ၂ ရာသီဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရရှိခဲ့သင့်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။

အာဆင်နယ်ဟာ ၂၀၂၂-၂၀၂၃ နဲ့ ၂၀၂၃- ၂၀၂၄ ဘောလုံးရာသီတွေမှာ ချန်ပီယံဆုဖလားရရှိဖို့ လက်တကမ်းအကွာ ရောက်ရှိခဲ့ပေမဲ့ မန်စီးတီးက အနိုင်ယူကျော်ဖြတ်သွားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂ ရာသီက ရရှိခဲ့တဲ့ အချက်အလက်တွေအရဆိုရင် ပုံမှန်အားဖြင့် ချန်ပီယံဆုဖလား ၂ ကြိမ် ရရှိခဲ့သင့်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။

အသင်းရဲ့ နေရာတိုင်းမှာ တိုးတက်မှုတွေရှိလာတာကြောင့် အခုနှစ် ရာသီမှာ ချန်ပီယံဖြစ်ဖို့ ပစ်မှတ်ထားကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။

အာဆင်နယ်ဟာ ထိပ်ဆုံးက လီဗာပူးထက် တပွဲပိုအခြေအနေမှာ ၆ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
Crd

image