27 w - Translate

֍ နတ်ဆိုးတွေရဲ့မျှော်စင် Devils Tower လို့အမည်ရတဲ့ ဒီနေရာကတော့ အမေရိကန်ရဲ့ ထင်ရှားတဲ့ သဘာဝနေရာ တခုဖြစ်ပါတယ်။
֍ Wyoming ပြည်နယ် အရှေ့မြောက်ပိုင်းက ဘလက်-ဟေး(စ်) Black Hills တောင်တန်းနယ်မြေထဲမှာ တည်ရှိနေတာဖြစ်ပါတယ်။
֍ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက မြေအောက်မီးတောင် ချော်ရည်တွေကနေ တဆင့် အနည်ကျကျောက်တွေ စုပုံရာကနေ သဘာဝရဲ့ အံ့မခန်းဖန်တီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဧရာမ ကျောက်တောင်ကြီးဖြစ်ပါတယ်။
֍ အောက်ခြေကနေ ၈၆၇ပေ အထိမြင့်မားပြီး အပေါ်ဘက် မျက်နှာပြင် ဧရိယာကတော့ ၁ဧကခွဲခန့် ရှိနေပါတယ်။
֍ Belle Fourche မြစ်ကမ်းခြေကနေ ဆိုရင်တော့ ၁၂၅၇ပေ အထိ မြင့်မားနေတာလည်းဖြစ်ပါတယ်။
֍ ဒေသခံတိုင်းရင်းသားတွေရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ဆိုင်တဲ့ အထွတ်အမြတ်ထားရာ နေရာတခုဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ ဒဏ္ဍာရီလာပုံပြင်များစွာနဲ့ ဆက်နွယ်နေတဲ့ နေရာလည်းဖြစ်ပါတယ်။
֍ ၁၉၀၆ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံရဲ့ ပထမဆုံးအမျိုးသားအမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့နေရာလည်း ဖြစ်ပါတယ်။
֍ ဒီကျောက်တောင်ကြီး အပေါ်ကို တက်ရောက်နိုင်တဲ့ လမ်းကြောင်းပေါင်း ၂၀၀ခန့် ရှိနေပြီး တနှစ်တနှစ်မှာ လူပေါင်း ၅၀၀၀ လောက်ဟာ ဒီအပေါ်ကို တက်ရောက်လေ့ရှိပါတယ်။
֍ ဒါပေမယ့် နှစ်စဉ် ဇွန်လ ကတော့ ဒေသခံတိုင်းရင်းသားတွေရဲ့ အခမ်းအနားတွေကို ကျင်းပရာ ၊ ကိုးကွယ်ယုံကြည်မှုနဲ့ ဆက်နွယ်နေတဲ့ လ ဖြစ်တာကြောင့် တက်ရောက်သူအများစုဟာ ဒီအချိန်မှာတော့ နားလည်မှုနဲ့ ရှောင်ရှားလေ့ရှိကြပါတယ်။
Crd

image