19 w - Translate

အာနိုးလ်၏ အပြောင်းအရွှေ့သတင်းကြောင့် အသင်းကို မထိခိုက်ဟု လီဗာပူး နည်းပြပြော

နောက်ခံလူ အာနိုးလ်ရဲ့ အပြောင်းအရွှေ့သတင်းတွေက အသင်းကို ထိခိုက်စေမှာမဟုတ်ကြောင်း နည်းပြအာနဲစလော့က ပြောသွားပါတယ်။

အင်္ဂလန်ညာနောက်ခံလူကို ရီးရဲလ်မက်ဒရစ်က ပေါင် သန်း ၂၀ နဲ့ ကမ်းလှမ်းခဲ့ပြီး လီဗာပူးဘက်က ပယ်ချထားတယ်လို့ သတင်းထွက်ပေါ်နေတာပါ။

အာနိုးလ်ရဲ့ အနာဂတ်မတည်မငြိမ်ဖြစ်နေတာက အသင်းအပေါ် ရိုက်ခတ်မှုမရှိနိုင်သလို တခါတရံမှာ အကူအညီတောင် ဖြစ်စေနိုင်ကြောင်း၊ အပြောင်းအရွှေ့သတင်းတွေက အသင်းတိုင်းမှာ တွေ့ကြုံရစမြဲဖြစ်ကြောင်း နည်းပြစလော့က ပြောပါတယ်။

ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အာနိုးလ် အပါအဝင် ဆာလာ၊ ဗန်ဒိုက် တို့ဟာလည်း လာမယ့်နှစ်မှာဆက်ရှိဖို့ မသေချာတဲ့ အခြေအနေ ရောက်ရှိနေပါတယ်။
Crd

image