တရုတ်နိုင်ငံတွင် ကူးစက်မြန်ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့နေ
..................
တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုအပြီး ငါးနှစ်အကြာမှာ HMPV(Human metapneumovirus)လို့ခေါ်တဲ့ ကူးစက်မြန်ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့နေပါတယ်။
အဆိုပါဗိုင်းရပ်စ်ဟာ အခုဆောင်းရာသီမှာ တရုတ်နိုင်ငံမြောက်ပိုင်းပြည်နယ်တွေတစ်လျှောက် အထူးသဖြင့် ကလေးငယ်တွေမှာ ဖြစ်ပွားမှုပိုများတာကို တွေ့ရတယ်လို့ တရုတ်မီဒီယာတွေကဖေါ်ြပကြပါတယ်။
အဆိုပါဗိုင်းရပ်စ်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလလယ်ကစပြီး တရုတ်နိုင်ငံမှာ ကူးစက်မှုမြင့်တက်လာတာကြောင့် ပြည်သူတွေအကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်လို့ လူပြည့်ကျပ်နေတဲ့ ဆေးရုံတွေမှာ အရေးပေါ် စီမံချက်တွေချမှတ်ထားပါတယ်။ ကူးစက်ခံရသူတွေဟာ မူးဝေခြင်းအပါအဝင် တုပ်ကွေးလို လက္ခဏာတွေကိုဖြစ်ပေါ်စေတယ်လို့ တရုတ်မီဒီယာတွေရဲ့ဖေါ်ြပချက်အရသိရပါတယ်။
HMPV ဟာ ကမ္ဘာတစ်ဝှမ်းမှာ နှစ်ပေါင်း ၆၀ ကျော် ပျံ့နှံ့ခဲ့တဲ့ ဘုံဗိုင်းရပ်တစ်မျိုးဖြစ်ပြီး အစောပိုင်းမှာ သိပ္ပံပညာရှင်များကသာ ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC)၊ ဗိုင်းရပ်စ်ဗေဒအင်စတီကျူမှ သုတေသီ ချန်လစ်ရှု က ရှင်းပြပါတယ်။
ရောဂါကူးစက်အပြီး တစ်ပတ်ခန့်အတွင်း ရောဂါလက္ခဏာတွေ တဖြည်းဖြည်း သက်သာလာလိမ့်မယ်လို့ ဂျန်လစ်ရှု က ပြောပါတယ်။ ရှန်ဟိုင်းရှိ ရှင်ဟွာဆေးရုံ၊ ကူးစက်ရောဂါဌာန လက်ထောက်အကြီးအကဲ ရဝမ်ချန်ရှန်းက ဖျားနာ၊ မူးဝေတာလို လက္ခဏာတွေဖြစ်လာရင် HMPV ကို ကိုယ်တိုင်စစ်ဆေးတာမျိုးမပြုလုပ်ဖို့ သတိပေးထားပါတယ်။ HMPV ဟာ ချောင်းဆိုးတာ၊ နှာပိတ်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အစာအိမ်နဲ့ အူလမ်းကြောင်း မအီမသာဖြစ်တာ၊ အဖျားကြီးတာတွေ အပါအဝင် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အလားတူ လက္ခဏာတွေဖြစ်စေတယ်လို့ သူက မှတ်ချက်ပြုပါတယ်။
