အမေရိကန်မှာ ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံးနှင်းမုန်တိုင်းနဲ့ ရင်ဆိုင်နေရ
ဝါရှင်တန်၊ ဇန်နဝါရီ ၅
အမေရိကန်နိုင်ငံမှာ ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံးနှင်းမုန်တိုင်း တိုက်ခတ်မယ့်အရေးနဲ့ ရင်ဆိုင်နေရပြီး ပြည်သူ သန်းပေါင်းများစွာဟာ နှင်းမုန်တိုင်းနဲ့ အပူချိန်ကျဆင်းမှုတွေအတွက် ကြိုတင်ပြင်နေရပါတယ်။
အမေရိကန်အလယ်ပိုင်းမှာ စတင်နေတဲ့ နှင်းမုန်တိုင်းဟာ လာမယ့်ရက်ပိုင်းအတွင်း အရှေ့ဘက်ကို ရွေ့လျားမယ်လို့ အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်သတိပေးထားပါတယ်။ ကန်တပ်ကီနဲ့ ဗာဂျီးနီယားပြည်နယ်တို့မှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
ကန်တပ်ကီနဲ့ ဗာဂျီးနီးယားပြည်နယ်တို့မှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး မစ္စစ္စပီနဲ့ ဖလော်ရီဒါအပါအဝင် တခြားပြည်နယ်တွေမှာလည်း ပြင်းထန်တဲ့နှင်းမု်နတိုင်းဒဏ်ကို ရင်ဆိုင်ရနို်ငတယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။
အာတိတ်ဒေသကို လှည့်ပတ်နေသည့် လေအေးများကြောင့် ပြင်းထန်တဲ့ နှင်းမုန်တိုင်း ဖြစ်ရတာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါဟာ ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံးနှင်း မုန်တိုင်းဖြစ်လိမ့်မယ်လို့ အမျိုးသား သမုဒ္ဒရာနဲ့ လေထုဆိုင်ရာအဖွဲ့က ပြောပါတယ်။
ဒါဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အမေရိကန်မှာ အအေးဆုံး ဇန်နဝါရီလဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ သမိုင်းဝင် အပူချိန်ကျဆင်းမှုဟာ အချိန်တပတ်လောက် ကြာမြင့်နိုင်ကာ နှင်းမုန်တိုင်းဟာ ဒီကနေ့ညနေပိုင်းကစပြီး ပြင်းထန်လာမယ့်လို့ ခန့်မှန်းထားပါတယ်။
ကန်ဆတ်စ်နဲ့ အင်ဒီယားနားတို့မှာ နှင်းထု ရှစ်လက်မလောက်ထိ ကျနိုင်တယ်လို့ ဆိုပါတယ်။ မစ်ဆူရီ၊ အီလီနွိုက်၊ အနောက်ဗာဂျီးနီးယားတို့မှာလည်း ဆီးနှင်းထူထပ်စွာကျရောက်နိုင်ကြောင်း မိုးလေဝသတာဝန်ရှိသူတွေက သတိပေးထားပါတယ်။
Ref:BBC
Photo:Getty Images
#သတင်းဟင်းလေးအိုးကြီး
