19 w - Translate

တောအုပ်ထဲကနိဗ္ဗာန်ဘုံလေး
(သို့) ရုပ်စုံကျောင်း

အရိယာဝံသချောင် ရုပ်စုံကျောင်း
စစ်ကိုင်း

စစ်ကိုင်းတောင်ကို သိသူများပေမယ့် ရုပ်စုံကျောင်းကို ရောက်ဖူးသူကတော့ ရှားပါတယ်

ဘယ်မှာရှိလဲဆိုတော့ အဝေးကြီးမဟုတ်ပါဘူး စစ်ကိုင်းတောင် အဆင်းလမ်းက 'ဆင်ဘိုးဘုရား' နားက 'အရိယဝံသချောင်' မှာရှိတာပါ

အင်းဝဘုရင် ဒုတိယမင်းခေါင်က စာပေကျမ်းဂန်မှာ တဖက်ကမ်းခတ်ကျွမ်းကျင်လှတဲ့ 'ရှင်အရိယဝံသ' ကိုယ်တော်ကို ကြည်ညိုလွန်းလို့ ဒီ ရုပ်စုံကျောင်းကို ဆောက်လုပ်လှုဒါန်းခဲ့တာဖြစ်လို့ နှစ်ပေါင်း ၆၀၀ ကျော်ပြီလို့သိရပါတယ် 🙏

ရုပ်စုံကျောင်း လို့ဘာလို့ခေါ်လဲဆိုတော့ ဇာတ်ကြီးဆယ်ဘွဲ့ နိပါတ်ဇာတ်ရုပ်တွေကို သစ်သားရုပ်လုံးဖောင်းကြွတွေနဲ့ တကယ့်လက်ရာမြောက်စွာ အသေးစိတ်ပုံဖော်ထွင်းထုထားလို့ပါပဲ

ပန်းပုတွေကလဲ လက်ရာမြောက်လှသလို ကျောင်းရဲ့ တည်ရှိပုံကလဲ သစ်တောအုပ်အုပ် တောင်ကုန်းလေးပေါ်ကို အုတ်လှေကားလေးနဲ့ တက်သွားရတာ တကယ့်ကို သာသာယာယာလေးပါပဲ , လူသံသူသံမကြားရပဲ အရမ်းကို အေးချမ်းစိတ်ငြိမ်အေးချမ်းလှပါတယ်

ဒီနေရာလေးက တိတ်ဆိတ်အေးချမ်းတဲ့နေရာလေးဖြစ်လို့ အဖွဲ့လိုက်သွားရင် ဆူညံခြင်းမပြုဖို့နဲ့ ရှေးဟောင်းလက်ရာတွေပေါ် လျှောက်မရေးခြစ်ဖို့ အမှိုက်တွေမပစ်ဖို့တော့ တိုက်တွန်းချင်ပါတယ်ဗျ 😊

တကယ်လို့ မန်းလေးဘက်ရောက်မယ်ဆိုရင် ဒီအေးချမ်းလှတဲ့ ရုပ်စုံကျောင်းလေးကိုသွားရောက်လေ့လာပြီး , စစ်ကိုင်းတောင်က ဘုရားတွေတဝကြီးဖူးကြဖို့ တိုက်တွန်းချင်ပါတယ် 😊

အားလုံးပဲ အချိန်မကုန် ငွေမကုန်ပဲ ကိုယ့်ပါတ်ဝန်းကျင်အနီးနားက အလှတရားတွေကို ရှာဖွေခံစားနိုင်ကြပါစေဗျ......

image