ကုန်တင်ကားနဲ့ ဟိုက်ဂျက် လမ်းအပေါ်ကြောကနေ မောင်းနှင်ရင်း ကုန်းဆင်းမှာ မျက်နှာချင်းဆိုင်တိုက်မိရာက အမျိုးသားသုံးဦးဒဏ်ရာရ

ဇန်ဝါရီ ၅

မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းကုန်းဆင်း၊ ရွှေမျက်မှန်ဆိုင်အနီး လမ်းမပေါ်မှာ လမ်းအပေါ်ကြောကို အသီးသီးယူကာမောင်းနှင်လာကြတဲ့ကုန်တင်ကားနဲ့ Hijet ယာဉ် မျက်နှာချင်းဆိုင်တိုက်မိရာက အမျိုးသားသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဒီနေ့ မနက် ဇန်နဝါရီ ၄ ရက်နေ့ အစောပိုင်းက ဖြစ်ပွားခဲ့ပြီး သထုံဘက်က‌နေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ကုန်တင်ကားနဲ့ ပေါ်တော်မူဘက်ကနေ သထုံဘက်ကို မောင်းနှင်လာတဲ့ Hijet က လိပ်အင်းကုန်းဆင်း၊ ရွှေမျက်မှန်ဆိုင်အနီးမှာ မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြရာက Hijet ကားခေါင်းခန်းဘေးလိုက်ပါလာသူအသက် (၂၂) နှစ်အရွယ်အမျိုးသားမှာ ဘက်ဘက်လက်ကျိုး‌ကြေ/ဘယ်ဘက်မျက်လုံးထိခိုက်ဒဏ်ရာ/ရင်ဘတ်အောင့်ဒဏ်ရာရရှိခဲ့ပြီး ကုန်တင်ကားယာဉ်နောက်လိုက်အမျိုးသားမှာ ကားမှန်ကွဲအစများစင်တဲ့ ပေါက်ပြဲ ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့ကာ ဟိုက်ဂျက်ယာဉ်မောင်းမှာ ပြင်းထန်သတိလစ်ဒဏ်ရာတွေ ရရှိခဲ့တာလို့ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ရာနေရာဆီ သက်ဆိုင်ရာတာဝန်ရှိသူ‌တွေနဲ့အတူ သထုံမြို့ရှိ (Rescue) လူမှုကယ်ဆယ်ရေးအသင်းတချို့က ပရဟိတသမားတွေရောက်ရှိကူညီကြပြီး ဒဏ်ရာရရှိသူ သုံးဦးကို မြေပြင်ပြုစုပေးကာ သထုံဆေးရုံကြီးဆီ အသင်းပိုင်ယာဉ်နဲ့ ပို့ဆောင်ခဲ့သလို Hijet ကားမှ အသက်(၂၇)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားမှာ ဒဏ်ရာပြင်းထန်တာကြောင့် သထုံဆေးရုံကတစ်ဆင့် ရန်ကုန်ဆေးရုံကြီးဆီ ထပ်မံလွှဲပြောင်းခဲ့တာမို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
image
image