အမှတ်တမဲ့ပြန်တွေ့လိုက်မိတော့ ဒီလူကို တစ်ချိန်က ငါအရမ်းချစ်ခဲ့ပါလားဆိုပြီး သတိရမိတယ် ။ သူ့ကြောင့် ဖြစ်တည်ခဲ့တဲ့ ပျော်ရွှင်မှုတွေ ၊ နာကျင်မှုတွေ ။
အဲ့ဒီအချိန်တုန်းကတော့ ကိုယ်ဟာ အရူးမိဝိုင်းမိပါပဲ
သူမှသူ၊ ဘာနေနေ သူ့စိတ်နဲ့ပဲ ။
သူနဲ့ဝေးရရင် သေကိုသေမှာ ဆိုတဲ့စိတ်နဲ့ပဲ။
အခုကြတော့လည်း ဒါတွေက ဘာမှမဟုတ်ခဲ့သလို ပြန်မြင်ရတော့ ချစ်တာလည်းမရှိတော့ဘူး ၊ မုန်းတာလည်း မရှိတော့ဘူး အေးဆေးပဲ ။
တကယ်တော့ အချိန်ပဲလိုတဲဆိုတဲ့ စကားက တကယ်မှန်တယ် ၊ ဘာခံစားချက်မှ မရှိတော့တာမျိုးလေ ။
#crd
