19 ပတ် - ဘာသာပြန်ပါ။

ငါ့ရုပ်ရည်က သာမန်ပါပဲ။
လှလွန်းတယ်လို့ လည်ပြန်ငေးရတဲ့အထိ မပါခဲ့ဘူး။

ဒါပေမဲ့ ငါ့ကိုယ်ငါ သိပ်သဘောကျတာပါပဲ။
မိတ်ကပ်လိမ်းတဲ့အခါ လှသွားတယ်လို့ ခံစားရတယ်။
မျက်နှာပဲသစ်ပြီး တီရှပ်အပွကြီးဝတ်
မုန့်ပတ်စားနေတဲ့ ငါ့ကိုယ်ငါလည်း သဘောကျနေဆဲပဲ။

ငါ့ရဲ့ ပြင်ဆင်ထားတဲ့ ပုံရိပ်လေးကို မြတ်နိုးသလို
ငါ့ရဲ့ အမာရွ,တ်တွေကိုလည်း ငါ ချစ်ပါတယ်။

ဖြူသည်ဖြစ်စေ ညိုသည်ဖြစ်စေ ငါ့အသားအရောင်လေးကို သဘောကျတယ်။

ငါ့ကို တကယ်စိတ်ရင်းနဲ့ ချစ်ပေးတဲ့သူတွေအတွက်
ငါက သဘောကျစရာ လူတစ်ယောက်ပါပဲ။

ငါ့ကို မု,န်းနေတဲ့ သူတွေအတွက်
လိုက်မခံစားပေးနိုင်ပါဘူး။
ငါ့ဖြစ်တည်မှုကို ငါချစ်ပြီး
ငါ့ရဲ့ အေးချမ်းတဲ့ ရပ်ဝန်းလေးမှာ နေတယ်။

ငါဟာ လွတ်လပ်စွာ ရှင်သန်တဲ့
သာမန်အမျိုးသမီးလေးပဲ ဖြစ်ပါတယ်။ 🖤🍀

image