ချစ်နေရင်းက ...
နာလာမိတဲ့ စိတ်ကို
ခံစားဖူးလား ...
တစ်ဖက်မှာ
သူ့ကို ချစ်တယ်ဆိုတာ
သေချာနေသလောက်
နောက်တစ်ဖက်မှာကျ
မဖြစ်နိုင်တော့ပါဘူးဆိုတဲ့
အတွေးနဲ့
နာနေမိတာမျိုးပေါ့
မဖြစ်သင့်တော့ပါဘူးဆိုတဲ့
အကြောင်းအရာတွေ
အများကြီးကြားထဲကမှ
ဖြစ်နိုင်ပါသေးတယ်ဆိုတဲ့
အကြောင်းပြချက်လေးတစ်ခုကိုပဲ
တချိန်လုံးရှာနေခဲ့တာပါ
ဒါပေမယ့်လေ
တစ်ခုလေးပဲ ရှာတာတောင်
မတွေ့ခဲ့ရဘူး
ဆွဲထားရမယ့် အကြောင်းပြချက်လေးရှာတာတောင်
မတွေ့ ခဲ့ဘူး
ချစ်လားမေးရင်
ဘယ်ချိန်ပဲ ဖြစ်ဖြစ်
ချစ်တယ်လို့ ဖြေဖြစ်မှာပါ
ဒါပေမယ့်
အတိတ်ပဲတွေးတွေး
ပစ္စုပ္ပန်ကိုပဲ တွေးတွေး
စိတ်တွေတော့ နာရတယ် ။
-crd
