19 w - Translate

ဒါကာရယ်လီချန်ပီယံဆု ဆက်ထိန်းနိုင်ရန် စိန့်ဇ် မျှော်လင့်
---------------------
အခုတစ်ပတ်ထဲ စတင်ကျင်းပမယ့် ဒါကာရယ်လီ ခရီးကြမ်းကားမောင်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆက်ထိန်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ စပိန်ဝါရင့်ဒရိုင်ဗာ ကားလို့စ်စိန့်ဇ်က ပြောကြားလိုက်ပါတယ်။ အသက် ၆၂ နှစ်အရွယ် ကားလို့စ်စိန့်ဇ်ဟာ ဖော်မြူလာဝမ်းဒရိုင်ဗာ ကားလို့စ်စိန့်ဇ် ဂျူနီယာရဲ့ ဖခင်ဖြစ်သလို မနှစ်က ဒါကာရယ်လီ ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် ဒီပြိုင်ပွဲချန်ပီယံဆုကို ရယူနိုင်တဲ့ အသက်အကြီးဆုံး ဒရိုင်ဗာအဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုနှစ်မှာ ဖို့ဒ်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ကားလို့စ်စိန့်ဇ်ဟာ ဒါကာရယ်လီ ချန်ပီယံဆုကို အရင်က ၄ ကြိမ်ရယူထားနိုင်ခဲ့ရာမှာ ဗောက်စ်ဝက်ဂွန်၊ ပူဂျော့၊ မီနီ၊ အော်ဒီ စတဲ့ မတူညီတဲ့အသင်းတွေနဲ့ ချန်ပီယံဆုကိုရယူ ထားနိုင်ခဲ့တာဖြစ်လို့ အခုလည်းအသင်းသစ် ဖို့ဒ်နဲ့အတူ ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ လည်းဖြစ်ပါ တယ်။

မနှစ်က ဒါကာရယ်လီမှာ အနိုင်ရခဲ့တာက အံ့အားသင့်ဖွယ် ကောင်းခဲ့သလို နောက်ထပ်အောင်မြင်မှုတွေ ထပ်ရဖို့ ကိုလည်း မျှော်လင့်ထားပါတယ်လို့ ကားလို့စ်စိန့်ဇ်က ပြောကြားခဲ့ပါတယ်။ အဆင့်-၁၂ ဆင့် ပါဝင်တဲ့ ဒါကာရယ်လီ ပြိုင်ပွဲကို ဇန်နဝါရီလ ၄ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

image