19 w - Translate

အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး အိန္ဒိယသွားမည်

ဝါရှင်တန်၊ဇန်နဝါရီ ၃

အမေရိကန်နိုင်ငံ‌တော်လုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလဗန်သည် အိန္ဒိယနှင့်ဝါရှင်တန်ကြားရှိ မိတ်ဖက်ဆက်ဆံမှုဆိုင်ရာဆွေးနွေးမှုအတွက် ၎င်းတာဝန်ချိန်ကျန်ရှိကာလအတွင်း နူးဒေလီသို့နောက်ဆုံးအနေဖြင့်သွားမည်ဟုသိရသည်။

တနင်္ဂနွေနှင့်တနင်္လာနေ့များတွင်သွားရန်စီစဉ်ထားသည့် ၎င်း၏ အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံတော်လုံခြုံရေးအကြံပေး မစ္စတာအာဂျစ်ဒိုဗယ်နှင့်တွေ့ဆုံဆွေးနွေးမည်ဟုလည်းဖော်ပြထားသည်။

၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးအတွက်အဓိကကျသည့် အာကာသ၊ကာကွယ်ရေးနှင့် ဗျူဟာမြောက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများအတွက် အဓိကထားဆွေးနွေးသွားမည်ဟုလည်းဆိုသည်။

ဇန်နဝါရီလ ၂၀ ရက် အစိုးရအဖွဲ့သစ်ကျမ်းသစ္စာကျိန်ဆိုမည့်အချိန်တွင် ရာထူးသက်တမ်းကုန်ဆုံးမည်ဖြစ်သည့် ဆူလဗန်သည် အိန္ဒိယနိုင်ငံခြားရေးရာဝန်ကြီးဂျေးရှန်ကာနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။

image