19 w - Translate

သရုပ်ဆောင် သင်ဇာဝင့်ကျော်လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပေမယ့် မော်ဒယ်
နန်းမွေစံ ပြန်မလွတ်လာသေး

ဇန်နဝါရီ ၄ရက်မှာ ကျရောက်‌‌တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လွတ်ငြိမ်းသက်သာ ခွင့်ပေးခဲ့တဲ့ အကျဉ်း သား၊ အကျဉ်းသူ ၅၈၆၄ ဦးတွင် အီလက်ထရောနစ် ဉပဒေ ပုဒ်မ ၃၃(က) ဖြင့် ထောင်ဒဏ်ကျခံနေရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် မော်ဒယ်နန်းမွေ့စံက ပြန်လည် မလွတ်မြောက်လာသေးကြောင်း မော်ဒယ်နန်းမွေ့စံရဲ့ မိခင်က အတည်ပြု ပြောဆိုလိုက်ပါတယ်။

"အန်တီဆီကို ခုချိန်ထိ ဘာဖုန်းအဆက်အသွယ်မှ မရသေးဘူးဆိုတော့ သမီး နန်းမွေ့စံ ဒီလွတ်ငြိမ်းမှာ ပါမလာသေးဘူးထင်ပါတယ်။ တချို့ လွတ်တဲ့သူတွေတော့ လွတ်လာတယ် ကြားရတယ်။ အန်တီ့သမီးကတော့ လွတ်မြောက်ခွင့်ထဲ ပါမလာသေးဘူးထင်ပါတယ်။ သမီးအတွက် စိတ်ပူပေးကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ မော်ဒယ်လ်နန်းမွေ့စံရဲ့ မိခင်ဖြစ်သူက အတည်‌ပြုပြောဆိုထားပါတယ်။

#updatenews

imageimage