အင်းစိန်ထောင်က အကျဉ်းသားတွေစလွှတ်ပြီ
ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ရန်ကုန်မြို့၊အင်းစိန်ထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊အကျဉ်းသားတွေကို စတင်လွှတ်ပေးနေပြီဖြစ်ပါတယ်။
ထောင်ရှေ့မှာ စောင့်ဆိုင်းနေတဲ့ မိသားစုဝင်တွေနဲ့ ပြန်လည်တွေ့ဆုံကြပြီး ဝမ်းသာမျက်ရည်ကျသူ တွေလည်း ရှိပါတယ်။
အကျဥ်းသားတွေကို တင်ခေါ်လာတဲ့ ဘတ်စ်ကားတွေ ထောင်ထဲကထွက်လာတာ နဲ့ မိသားစုတွေ ပြန်လည်ဆုံစည်းတဲ့ ပုံရိပ်တွေကို တွေ့မြင်နေရပါတယ်။
#သတင်းဟင်းလေးအိုးကြီး


