ဖိုဖာနာ ဒဏ်ရာကြောင့်ရာသီကုန်အထိ နားရဖွယ်ရှိ
...........
ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ်နောက်ခံလူ ဖိုဖာနာဟာ တံကောက်ကြောဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူရဖွယ်ရှိတယ်လို့သိရပါတယ်။
ဖိုဖာနာဟာ ဒီဇင်ဘာလ ၁ ရက်နေ့က ကစားခဲ့တဲ့ ဗီလာအသင်းကို ၃ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာကတည်းက ဒဏ်ရာရခဲ့တာကြောင့် အနားယူနေခဲ့ရတာပါ။
အစောပိုင်းကာလတွေမှာတော့ ဖိုဖာနာဟာ ဒဏ်ရာကြောင့် အနည်းဆုံး ၃ ပတ်လောက်အနားယူရဖွယ်ရှိတယ်လို့ ချယ်လ်ဆီးနည်းပြမာရက်စကာက အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဖိုဖာနာရဲ့ဒဏ်ရာဟာ ခွဲစိတ်စရာမလိုပေမယ့် ရာသီကုန်အထိအနားယူရဖွယ်ရှိတယ်လို့ နည်းပြမာရက်စကာက ပြောကြားခဲ့တာဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ဖိုဖာနာဟာ အခုဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ အဓိကကစားသမားအဖြစ် ကစားနေသူဖြစ်ပြီး နည်းပြမာရက်စကာရဲ့ စိတ်ကြိုက်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။
