19 w - Translate

ကန်တွင် ဆိုးရွားသည့် နှင်းမုန်တိုင်းနှင့် ဆီးနှင်းကျဆင်းမှုများဖြစ်ပေါ်
.............

အမေရိကန်ပြည်‌ထောင်စုမှာ ဇန်နဝါရီလ ၂ ရက်‌နေ့ကစပြီး ဆိုးရွားတဲ့ဆီးနှင်းကျဆင်းမှုတွေနှင်းမုန်တိုင်းတွေဖြစ်ပေါ်နေပါတယ်။
အခုလို အေးခဲပြီး ဆိုးရွားတဲ့ အခြေအနေ တွေကြောင့် နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ကဖလော်ရီဒါ တောင်ဘက်စွန်းပိုင်းအထိ ဆီးနှင်းတွေက လွှမ်းမိုးသွားနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
စနေနေ့ကစတင်ပြီး ကန်းဆက် နဲ့ အင်ဒီယားနားမြို့ တွေမှာ ဆီးနှင်းကျဆင်းမှုအထူက အနည်းဆုံး ၈ လက်မ ရှိနေပြီး လာမယ့် ရက်ပိုင်းတွေမှာလည်း ဆီးနှင်းကျဆင်းမှုက ပိုမိုဆိုးရွာဖွယ်ရှိတယ်လို့မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
အားကောင်းလာတဲ့ နှင်းမုန်တိုင်းတွေနဲ့အတူ တစ်ခါတစ်ရံ လေတိုက်နှုန်းကလည်း တစ်နာရီကို မိုင် ၅၀ ဝန်းကျင်တိုက်ခတ်နေတယ်လို့ အမျိုးသားမိုးလေဝသဌာနက မိုးလေဝသပညာရှင် အဲလက်ဇ်လမ်မားစ်က ပြောပါတယ်။

imageimage